BTS ရဲ့ အောင်မြင်မှုတွေနဲ့ပတ်သတ်ပြီး EXO အဖွဲ့ဝင် Baekhyun ရဲ့ သဘောထားအမြင်

Posted on - Jul 10 []

Mia Zin

စာရေးသူ

လက်ရှိ K-pop လောကရဲ့ အောင်မြင်ဆုံးသော Idol အဖွဲ့တွေထဲမှာ ထိပ်ဆုံးကနေပါဝင်ရပ်တည်နေတဲ့အဖွဲ့ ၂ ဖွဲ့ကတော့ EXO နဲ့ BTS အဖွဲ့ပါပဲ။ ၂ ဖွဲ့စလုံးဟာ ပွဲထွက်ခဲ့ချိန်လည်းတူသလို ပရိသတ်အင်အားချင်းလည်း ယှဉ်လို့ရတဲ့အခြေအနေဖြစ်တာကြောင့် အကြောင်းမသိသူတွေ အတော်များများက သူတို့ ၂ ဖွဲ့ကို ပြိုင်ဘက်တွေလား၊ အဖွဲ့အချင်းချင်း တည့်ကြလား စသဖြင့်သော အတွေးတွေနဲ့ အထင်မှားလေ့ရှိကြပါတယ်။

ဒါပေမယ့် ဒီလိုအတွေးတွေက မှားတယ်ဆိုတာကိုတော့ EXO ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Baekhyun က လတ်တလောရက်ပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ Showcase တစ်ခုမှာ ပြောခဲ့တဲ့အကြောင်းအရာတစ်ခုနဲ့ ပတ်သတ်ပြီး တွေ့မြင်နိုင်ပါတယ်။

Baekhyun ဟာ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဖြစ်တဲ့ “City Lights” နဲ့ ပတ်သတ်ပြီး ဆိုးလ်မြို့၊ ဂန်နမ်ခရိုင်ရှိ SAC Art Hall မှာ Showcase တစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုပွဲမှာ BTS အဖွဲ့ရဲ့ အောင်မြင်မှုတွေနဲ့ပတ်သတ်ပြီး မေးမြန်တာကို တုံ့ဆိုင်းခြင်းအလျဉ်းမရှိပဲ ပြောပြခဲ့ပါတယ်။

"သူတို့တွေက အရမ်းကိုအလုပ်ကြိုးစားတဲ့သူတွေပါ။ တကယ်ကို အံ့အားသင့်စရာကောင်းတဲ့သူတွေလို့ ကျွန်တော်ထင်ပါတယ်။ သူတို့ရဲ့အောင်မြင်မှုတွေနဲ့ ပတ်သတ်ပြီး သူတို့ဆီကနေ ကျွန်တော်သင်ယူလို့ရတာတွေ ရှိပါတယ်။ သူတို့အတွက်လည်း ချီးကျူးဂုဏ်ယူမိပါတယ်" လို့ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Baekhyun ဟာ သူ့ရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီးတော့ သူ့ရဲ့ခံစားမှုတွေကိုလည်း ပြောခဲ့ပါသေးတယ်။ သူ့အနေနဲ့ EXO အဖွဲ့နဲ့ရော EXO-CBX အဖြစ်နဲ့ပါ အနုပညာလှုပ်ရှားမှုတွေအများကြီးလုပ်ခဲ့တာမို့လို့ အခုတစ်ကိုယ်တော်အနေနဲ့ ပွဲထွက်ရချိန်မှာတော့ ဘေးနားမှာ သူ မှီခိုလို့ရမယ့်အဖွဲ့ဝင်တွေမရှိပဲ တစ်ယောက်တည်းလှုပ်ရှားရတာဖြစ်တဲ့အတွက် အနည်းငယ်တော့ စိတ်ဖိစီးမိတယ်လို့ ပြောခဲ့ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။