ကမ္ဘာ့ဝင်ငွေအများဆုံး အနုပညာရှင်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ BTS

Posted on - Jul 11 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံအတွင်းမှာသာမက အနောက်နိုင်ငံကြီးတွေမှာပါ အောင်မြင်မှုတွေများစွာရရှိနေတဲ့ BTS အဖွဲ့ဟာ K-pop ရဲ့ ပထမဆုံးသောဆိုတဲ့ စံချိန်တွေကိုစိုက်ထူနိုင်ထားပြီး အနောက်တိုင်းတေးဂီဆုပေးပွဲကြီးတွေကို တက်ရောက်ဖို့အတွက် ဖိတ်ကြားခံရတဲ့ K-pop အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ အံ့အားသင့်စရာကောင်းတဲ့ သတ်မှတ်ချက်စာရင်းတွေမှာ ပါဝင်လေ့ရှိတဲ့ သူတို့အဖွဲ့ဟာ ဒီတစ်ခါမှာတော့ ကမ္ဘာကျော် မဂ္ဂဇင်းကြီးတစ်ခုဖြစ်တဲ့ Forbes မဂ္ဂဇင်းကနေ စစ်တမ်းကောက်ယူထားတဲ့ ကမ္ဘာ့ဝင်ငွေအများဆုံး အနုပညာရှင်တွေရဲ့ စာရင်းမှာ ပါဝင်လို့နေတာကို တွေ့ရပါတယ်။

BTS အနေနဲ့ ကမ္ဘာ့ဝင်ငွေအများဆုံး အနုပညာရှင်တွေရဲ့ စာရင်းမှာ ရပ်တည်နေတဲ့နေရာကတော့ နံပါတ် ၄၃ မှာဖြစ်ပြီး Forbes ရဲ့ ဖော်ပြချက်အရကတော့ ၂၀၁၈ ခုနှစ်အတွင်း BTS ရှာဖွေနိုင်ခဲ့တဲ့ ၀င်ငွေပမာဏက ကန်ဒေါ်လာ ၅၇ သန်းဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုစာရင်းမှာ BTS ပါဝင်တာကတော့ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

တစ်နှစ်အတွင်း ဒီလိုများပြားတဲ့ ၀င်ငွေကိုရှာဖွေနိုင်ခဲ့တဲ့ အဓိကအကြောင်းအရင်းကတော့ သူတို့အဖွဲ့ရဲ့ “Love Yourself” စီးရိးကြောင့်ဖြစ်တယ်လို့ Forbes က ဖော်ပြထားပြီး အဖွဲ့ဟာ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေပြုလုပ်တဲ့အခါမှာလည်း ကြီးကျယ်ခမ်းနားပြီးသမိုင်းဝင်တဲ့နေရာမျိုးတွေပြုလုပ်နိုင်ခဲ့ကာ လက်မှတ်တွေဆိုရင် အချိန်တိုအတွင်းမှာတင် ရောင်းကုန်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာဆိုရင် အဖွဲ့ရှာဖွေနိုင်ခဲ့တဲ့ ၀င်ငွေက ခန့်မှန်းချေ ကန်ဒေါ်လာ ၄၄ သန်း ရှိပြီး Concert Tour တွေကနေ ရောင်းချခဲ့တဲ့ လက်မှတ်အစောင်ရေအတွက်ကတော့ ၃ သိန်း ဖြစ်ကာ ထို Concert တွေကနေ ရရှိခဲ့တဲ့ ၀င်ငွေပမာဏကတော့ ကန်ဒေါ်လာ ၇ သန်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် BTS ဟာ ရုပ်ရှင်တွေ၊ ဂိမ်းတွေ နဲ့ ကြော်ငြာတွေကနေ မြင့်မားတဲ့ဝင်ငွေတွေကိုလည်း ရရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းက ရုံတင်ပြသခဲ့တဲ့ “Burn The Stage: The Movie” ဆိုရင် ကန်ဒေါ်လာ ၁၈.၅ သန်း ရရှိခဲ့တယ်လို့ Forbes က ဖော်ပြထားပါတယ်။

တစ်ကမ္ဘာလုံးမှာ အောင်မြင်မှုအရှိန်တွေ မြင့်မားနေတဲ့ Idol အဖွဲ့တစ်ဖွဲ့အနေနဲ့ ဒီလိုမျိုး ၀င်ငွေအများဆုံရရှိတဲ့ အနုပညာရှင်တွေစာရင်းမှာ ပါဝင်နေတာကတော့ ယုံမှားသံသယဖြစ်ဖွယ်မရှိပါဘူးနော်။ BTS အနေနဲ့ အခု ၂၀၁၉ ခုနှစ်မှာလည်း ၂၀၁၈ ခုနှစ်မှာ ရရှိခဲ့တဲ့ဝင်ငွေတွေထက် ပိုမိုမြင့်မားတဲ့ဝင်ငွေတွေကို ရရှိပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။