ရှုံးတာ၊ မြတ်တာ ထက် ကိုယ်လုပ်ချင်တာ လုပ်နေရရင်ပျော်ပါတယ် ဆိုတဲ့ ဘန်နီဖြိုး

Posted on - Jul 11 []

May Phyo

စာရေးသူ

ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ အဆိုတော် ဘန်နီဖြိုးဟာ သူချစ်တဲ့ သီချင်းတွေနဲ့ အတူ ပရိသတ်တွေကြားထဲမှာ ရှင်သန်နေထိုင်သူလဲဖြစ်ပါတယ်။ ဘန်နီကတော့ သူထွက်ရှိတဲ့ သီချင်းတိုင်းဟာ လူငယ်ပရိသတ်တွေရဲ့ ရင်ထဲကို ထိထိမိမိဝင်ရောက် ခဲ့တာကြောင့် သီချင်းတိုင်းကပေါက်နေခဲ့ပါတယ်။ သူ့ရဲ့ အပေါက်ဆုံးသီချင်းကိုပြောပါဆိုရင် ယနေ့ချိန်ထိ ပရိသတ်တွေ နားထောင် နေဆဲဖြစ်တဲ့ ချစ်သူ့အနား၊ နှစ်ပတ်လည်၊ ချစ်တယ်ဟုတ် ၊ လေထဲကအိမ် နဲ့ နင်ပျော်ရင် စတဲ့ သီချင်းတွေဘဲဖြစ်ပါတယ်။

အောင်မြင်မှုတွေကို တည်တံ့အောင် ဆွဲဆောင်ထားနိုင်တဲ့ ဘန်နီဖြိုးဟာ ဇူလိုင်လ (၉)ရက်နေ့မှာ အသက် ၂၇နှစ်ပြည့်ခဲ့ပါပြီ။ သူက မွေးနေ့အထိမ်းအမှတ်အဖြစ် “BunBun With You” pop-up store ကို တစ်လကြာဖွင့်လှစ်ခဲ့ပြီး သူက မွေးနေ့ အတွက်ပရိသတ်တွေ ကို ပြန်ပေးတဲ့လက်ဆောင်တစ်ခုပါလို့လဲ ပြောခဲ့ပါသေးတယ်။ ဒါ့အပြင် သူက သူကိုယ်တိုင်ပြန်ရွေးထားတဲ့ သီချင်း ၂၇ ပုဒ်ကို Joox application မှာ ဇူလိုင်လ ၉ရက်နေ့က စတင်ကာ နားဆင်နိုင်ပြီဖြစ်တယ် လို့လဲ သိရပါတယ်။

နောက်ပြီး သူက Bun Bun with you Karrot လုပ်ဖြစ်တာနဲ့ ပတ်သက်ပြီး “ လုပ်ချင်တာလုပ်လိုက်ရလို့ ရှုံးပေါင်းလဲ များနေပါပြီ ၊ လုပ်ချင်တာ လုပ်နေရရင်ပျော်နေတာဘဲ အခု Karrot က ကျွန်တော်နဲ့ ပိုလိုက်မယ်လို့ထင်ပါတယ်။ မြတ်တာရှုံးတာထက် လုပ်ချင်တာလုပ်နေရရင် ပျော်ပါတယ်။ အစက အရုပ်အကြီးလုပ်ဖို့စဉ်းစားတယ် ဈေးများသွားရင်လဲ ပရိသတ်တိုင်းဆီ မရောက် မှာဆိုးလို့ အားလုံးအဆင်ပြေမယ့် ဘယ်သွားသွားခေါ်သွားလို့ရ အောင် အသေးလေးဘဲ လုပ်ဖြစ်တာပါ” လို့လဲ ပြောထားပါသေးတယ်။

မိုမိုလေး ချစ်ပရိသတ်ကြီးရော ဘန်နီရဲ့ Karrot လေးတွေကို ၀ယ်ယူပြီးကြပြီလား။ အရမ်းချစ်စရာကောင်းတယ်လို့ ပြောတယ်နော် ။ ဘန်နီဖြိုးရဲ့ ချစ်ပရိသတ်တွေအတွက် ရေးသားဖော်ပြပေးလိုက်ပါတယ်။

May Phyo(MML)
Source – momolay tv
Photo - BOM, Aw Ya Tha Soe

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။