လွတ်လပ်ပေါ့ပါးတဲ့ဒီဇိုင်းနဲ့ ပြင်ဦးလွင်မြို့မှာ အလှပုံလေးတွေရိုက်ခဲ့တဲ့ ဝိုင်းလေး

Posted on - Jul 11 []

K Kay

စာရေးသူ

"အိမ်မက်ဆုံရာ" ကနေ သီချင်းဆို ဝင်ပြိုင်ရင်း ချိုသာတဲ့ အသံလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေ အသိများလာခဲ့ရတဲ့ အဆိုတော် ဝိုင်းလေး ဟာဆိုရင် အများရဲ့ ချစ်ခြင်းကို ရရှိထားခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ ပရိသတ်တွေရဲ့အားပေးမှုကြောင့် အောင်မြင်မှုတွေရရှိနေတဲ့ အဆိုတော် ဝိုင်းလေးကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ အများရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားခဲ့ရတဲ့ အဆိုတော် ဝိုင်းလေးကတော့ လူငယ်ပီပီ လွတ်လွတ်လပ်လပ် ခရီးသွားရတာကို နှစ်သက်လွန်းတဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။

ခရီးထွက်ရတာကို နှစ်သက်လွန်းတဲ့ အဆိုတော် ဝိုင်းလေးက လတ်တလောမှာလည်း ပြင်ဦးလွင်မြို့မှာ ရိုက်ကူးထားတဲ့ သူမရဲ့ ချစ်စဖွယ်ပုံရိပ်လှလှလေးတွေကို လူမှုကွန်ယက်ပေါ်ကတစ်ဆင့် မျှဝေဖော်ပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ လူငယ်ဆန်ဆန်နဲ့ အရမ်းကို ချစ်စရာကောင်းနေတဲ့ အဆိုတော် ဝိုင်းလေးရဲ့ ပုံရိပ်လေးတွေကို မြင်ရသူအပေါင်းတို့က အရမ်းကို သဘောကျ အချစ်ပိုခဲ့ကြရတာပဲ ဖြစ်ပါတယ်။

မိုမိုလေး ချစ်ပရိသတ်တွေအတွက် လူငယ်ဆန်ဆန် ဒီဇိုင်းလေးနဲ့ အရမ်းကို လွတ်လပ်ပျော်ရွှင်နေတဲ့ အဆိုတော် ဝိုင်းလေးရဲ့ ပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

ဝိုင်းလေးကတော့ " ပန်းတစ်ပွင့်လို ရှင်သန်ချင်ပါတယ်.. ဖူးပွင့်နေချိန်မှာ လှပတဲ့ရူခင်းအဖြစ် ကြွေကျမြေခချိန်မှာ ကဗျာအဖြစ်နဲ့ပေါ့... " ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထာားခဲ့တာပဲ ဖြစ်ပါတယ်။

ဝိုင်းလေးကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဖြစ်နေတာဖြစ်ပြီး သူ့ရဲ့ သီချင်းသစ်လေးတွေကိုလည်း ပရိသတ်တွေထံ အမြဲလိုလို ချပြပေးနေခဲ့တာပဲ ဖြစ်ပါတယ်။

လူငယ်ဆန်ဆန်နဲ့ လွတ်လပ်ပျော်ရွှင်နေတဲ့ အဆိုတော် ဝိုင်းလေးရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေ သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ Single ဘဝမှာ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နဲ့ အရမ်းကို ပျော်ရွှင်နေတဲ့ ဝိုင်းလေးကိုချစ်ရင် ဒီပို့စ်လေးကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Kay Kay
Ref : Wyne Lay's Facebook
Photo : MOUSE Photography

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။