လီမင်ဟိုရဲ့အသက် ၃၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပရိသတ်တွေစုပေါင်းပြီး ၀မ် ၂.၈ သန်းကို လှူဒါန်းပေးခဲ့ကြ

Posted on - Jul 11 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Lee Min Ho ဟာဆိုရင် တောင်ကိုရီးယားနိုင်ငံအတွင်းမှာသာမကပဲ နိုင်ငံတကာမှာပါ ပရိသတ်အခိုင်အမာရှိတဲ့ မင်းသားဖြစ်ပါတယ်။ ၁၆ နှစ်အရွယ်လောက်ကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ သူဟာ အခုဆိုရင်တော့ အသက် ၃၂ နှစ်တောင် ပြည့်မြောက်ပြီးနေပြီဖြစ်ပြီး အောင်မြင်မှုအရှိန်ကလည်း မြင့်တက်သထက်မြင့်တက်နေဆဲပါ။

ဇွန်လ ၂၂ ရက်နေ့တုန်းက အသက် ၃၂ နှစ်ပြည့်မြောက်သွားခဲ့တဲ့ Lee Min Ho ရဲ့ မွေးနေ့ကို တစ်ကမ္ဘာလုံးက ပရိသတ်တွေက နည်းလမ်းမျိုးစုံနဲ့ မွေးနေ့အထိမ်းအမှတ်တွေပြုလုပ်ပေးခဲ့ကြပါတယ်။ ဒီလိုမျိုး အထိမ်းအမှတ်တွေများစွာထဲကမှ ပရိသတ်တွေရော Lee Min Ho ကိုယ်တိုင်ကပါ အမှတ်ရစေမယ့် မွေးနေ့အထိမ်းအမှတ်လေးတစ်ခုရှိပါတယ်။

အဲဒါကတော့ DC Inside ဆိုတဲ့ Lee Min Ho ရဲ့ ပရိသတ်တွေက Lee Min Ho ရဲ့အသက် ၃၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ လှူဒါန်းမှုလေးတစ်ခုကိုလုပ်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ကလေးများပြုစုစောင့်ရှောက်ရေး ကိုရီးယားဌာနခွဲက အသိပေးပြောပြခဲ့ပါတယ်။

အဖွဲ့အစည်းကနေ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အရကတော့ ပရိသတ်တွေဟာ ကိုရီးယားဝမ် ၂.၈ သန်း ကို စုပေါင်းလှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Lee Min Ho ရဲ့ ပရိသတ်တွေအနေနဲ့ အခုလိုမျိုးစုပေါင်းလှူဒါန်းတာက ဒီနှစ်ထဲမှာဆိုရင် ဒုတိယအကြိမ်ဖြစ်ပြီး နှစ်စတုန်းကလည်း ၀မ် ၄ သန်းကို လှူဒါန်းထားခဲ့ပါသေးတယ်။

ဌာနရဲ့တာဝန်ရှိသူတစ်ယောက်ရဲ့ ပြောပြချက်အရကတော့ အခုလိုမျိုး ပရိသတ်တွေ စုပေါင်းလှူဒါန်းထားတဲ့ အလှူငွေတွေကို ငွေကြေးနွမ်းပါးတဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref : Allkpop
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။