ဘရာမ၀တ်ပဲ လေဆိပ်ကိုရောက်လာခဲ့တဲ့ Hwasa ရဲ့ အကြောင်းအရင်းအမှန်

Posted on - Jul 11 []

Mia Zin

စာရေးသူ

ဇူလိုင်လ ၉ ရက်နေ့တုန်းက ဟောင်ကောင်ကနေပြန်အလာ အင်ချွန်းနိုင်ငံတကာလေဆိပ်ကိုရောက်ရှိလာတဲ့ MAMAMOO ရဲ့ အဖွဲ့ဝင်ဖြစ်သူ Hwasa တစ်ယောက် ၀တ်ဆက်လာတဲ့ ဘရာမပါတဲ့ဖက်ရှင်ဟာ ပရိသတ်တွေအကြားမှာ အတော်လေးကို ဟစ်ဖြစ်ခဲ့တာကို သိကြမှာပါ။ Hwasa အနေနဲ့ သူမတစ်ခါမှ မ၀တ်ဆင်ခဲ့ဖူးတဲ့ ဖက်ရှင်မျိုးကိုဝတ်ဆင်ခဲ့တာကြောင့် မြင်တွေ့သူ ပရိသတ်တွေအနေနဲ့လည်း အတော်လေးအံ့အားသင့်ခဲ့ကြသလို အပြစ်တင်ဝေဖန်မှုတွေ၊ ထောက်ခံအားပေးမှုတွေလည်း ရရှိခဲ့ပါတယ်။

အွန်လိုင်းအသုံးပြုသူ အမျိုးသမီးပရိသတ်တွေကတော့ ဘရာမ၀တ်တဲ့ဖက်ရှင်ဟာဆိုရင် လွတ်လပ်ပေါ့ပါးတာကြောင့် ဒီလိုဖက်ရှင်မျိုး ကိုရီးယားမှာ ခေတ်စားလာစေဖို့အတွက်တောင်မှ ဆန္ဒရှိနေကြပါတယ်။ ဟောင်ကောင်ကို အသွားတုန်းက ပုံရိပ်မှာဟာဆိုရင် သူမဟာ ဘရာတစ်ထည်နဲ့ သက်တောင့်သက်သာရှိစေမယ့် ဘောင်းဘီတစ်ထည်တည်းကိုသာ ရွေးချယ်ဝတ်သွားတာကြောင့် တချို့ပရိသတ်တွေကတော့ အပြန်ခရီးမှာဝတ်တဲ့ ဖက်ရှင်ဟာ လူအများကြားမှာ စိတ်ဝင်စားစေချင်လို့ ဖြစ်မယ်လို့ ထင်ကြပါတယ်။

ပရိသတ်တွေအတော်များများကတော့ Hwasa ဟာ ဒီလိုဖက်ရှင်မျိုးကိုရွေးချယ်ဝတ်ဆင်လာရတဲ့အကြောင်းအရင်းက လွတ်လပ်တဲ့ခံစားမှုကို ပေးစွမ်းနိုင်တာကြောင့် ၀တ်ဆင်လာတာဖြစ်မယ်လို့လည်း ထင်ကြေးတွေပေးထားကြပေမယ့် တကယ်မှာတော့ Hwasa ရဲ့ အကြောင်းအရင်းအမှန်က ဒီလိုတွေမဟုတ်ပါဘူး။

ဇူလိုင်လ ၉ ရက်နေ့တုန်းက သူမ၀တ်ဆင်လာတဲ့ ဘရာမပါတဲ့ဖက်ရှင်ရဲ့ ရည်ရွယ်ချက်ကတော့ ရင်သားကင်ဆာဝေဒနာကြောင့် ဘရာမ၀တ်ရတဲ့အမျိုးသမီးကို အားပေးတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ No Bra Day ကို ရည်ညွှန်းပြီးဝတ်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဒီလိုအကြောင်းပြချက်မှာ ပရိသတ်တွေအနေနဲ့ No Bra Day က ဇူလိုင်လ ၉ ရက်နေ့ မဟုတ်ဘူးလို့ ငြင်းနိုင်ပေမယ့်လည်း တကယ်တမ်း No Bra Day အဖြစ်သတ်မှတ်ခဲ့တဲ့ မူလရက်ကတော့ ဇူလိုင်လ ၉ ရက်နေ့ပဲဖြစ်ပြီး နောက်မှသာလျှင် အောက်တိုဘာလ ၁၃ ရက်နေ့ကို ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

ဘယ်လိုအကြောင်းအရင်းတွေနဲ့ပဲ ဘရာကို မ၀တ်ဆင်လာခဲ့သည်ဖြစ်စေ Hwasa ကို ချစ်ကြတဲ့သူတွေကတော့ သူမကို အားပေးထားကြပြီး အမျိုးသမီးတွေအနေနဲ့ သူတို့ဝတ်ချင်သလို ၀တ်ဆင်ပိုင်ခွင့်ရှိတယ်လို့လည်း ဆိုထားကြပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။