ဘောလုံးသမားကြီးမက်ဆီကို နောက်ကောက်ချလိုက်တဲ့ အဆိုတော်မလေး တေလာဆွစ်ဖ်

Posted on - Jul 11 []

Htoo Yan Ag

စာရေးသူ

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား လီယွန်နယ်မက်ဆီဟာ Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ရဲ့ ကမ္ဘာ့ဝင်ငွေအများဆုံး ဆယ်လီဘရစ်တီ အယောက်(၁၀၀)စာရင်းမှာတော့ အဆင့်၎နေရာမှာ ရပ်တည်သွားနိုင်ခဲ့ပြီး ဒါဟာ အားကစားသမားတွေထဲမှာတော့ အမြင့်ဆုံးအဆင့် ရပ်တည်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

Forbes မဂ္ဂဇင်းဟာ က ထုတ်ပြန်ခဲ့တဲ့ အဆိုပါစာရင်းမှာ မက်ဆီဟာ ၂၀၁၉ ဇူလိုင်လမှာ ဝင်ငွေ ဒေါ်လာ(၁၂၇)သန်း အထိရရှိခဲ့ပြီး အဆင့်၎မှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး အခွန်မဆောင်မီ တစ်နှစ်လုပ်ခ ပေါင်သန်း၅၀ ဝင်ငွေရရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီဟာ နာမည်ကျော် အားကစား ကုမ္ပဏီ Adidas နဲ့လည်း စပွန်ဆာစာချုပ် ချုပ်ဆိုထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ နေမာတို့ဟာလည်း အဆိုပါစာရင်းရဲ့ အဆင့်၁၀အတွင်းမှာ ပါဝင်လာခဲ့ပြီး ရော်နယ်ဒိုက ဒေါ်လာ၁၀၉သန်းနဲ့ အဆင့်၆ ၊ နေမာက ဒေါ်လာ၁၀၅သန်းနဲ့ အဆင့်၇တို့မှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြပါတယ်။ မစ်ဒယ်ဝိတ်တန်း လက်ဝှေ့ချန်ပီယံကြီး ကာနယ်လိုအယ်လ်ဗာရက်စ်ကလည်း ဝင်ငွေဒေါ်လာ ၉၄သန်းနဲ့ အဆင့်၁၀နေရာကို ရယူထားခဲ့ပါတယ်။

ဒီစာရင်းမှာ မက်ဆီကို အဓိကနောက်ကောက်ချခဲ့သူကတော့ ကမ္ဘာကျော် အမျိုးသမီးအဆိုတော် တေလာဆွစ်ဖ်ပါပဲ။ သူမဟာ ကမ္ဘာ့ဝင်ငွေအများဆုံး ဆယ်လီဘရစ်တီအဖြစ် ဝင်ငွေဒေါ်လာ ၁၈၅သန်းအထိ ရယူကာ အဆင့်၁နေရာကို သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့နောက်မှာတော့ နာမည်ကြီးစူပါမော်ဒယ်လ် ကိုင်လီဂျန်နာ ၊ ရက်ပ်ပါကြီး ကန်ရဲဝက်စ်တို့က အသီးသီး ရပ်တည်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မက်ဆီဟာ ပြီးခဲ့တဲ့နှစ်မှာ World tour တွေပဲ တောက်လျှောက်လှည့်ပတ် ဖျော်ဖြေနေခဲ့တဲ့ အဆိုတော် အက်ဒ်ရှီယန်ကိုတော့ အသာရခဲ့ပါတယ်။ အက်ဒ်ရှီယန်ဟာ ဝင်ငွေ ဒေါ်လာ သန်း၁၁၀နဲ့ မက်ဆီရဲ့ နောက် အဆင့်၅နေရာမှာ ရပ်တည်သွားခဲ့တာ ဖြစ်ပါတယ်။

REF : sport bible
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။