အသက်ဝင်နေတဲ့ ပန်းချီကားတွေလိုမျိုး လှရက်လွန်းကြတဲ့ အမျိုးသား Idol များ

Posted on - Jul 11 []

Mia Zin

စာရေးသူ

ကြည့်ကောင်းချောမောတဲ့ ယောကျာ်းသားတစ်ယောက်ကို "လှတယ်" ဆိုတဲ့ အသုံးအနှုန်းနဲ့ ပြောဆိုသတ်မှတ်တာကရှားပေမယ့်လည်း တချို့သော ယောကျာ်းသားတွေကတော့ ကြည့်ကောင်းချောမောမှုမှာ မိန်းကလေးတွေ အားကျရလောက်အောင်ကို လှရက်လွန်းနေတာကို တွေ့ရပါတယ်။ သင်တို့တွေ ကိုယ်တိုင်လည်း တွေ့ဖူးကြ၊ မြင်ဖူးကြမှာပါ။ အခုတင်ဆက်ဖော်ပြပေးချင်တဲ့ အမျိုးသား Idol တွေကလည်း ထိုနည်းလည်းကောင်းပါပဲ။ ချောလွန်း၊ လှရက်လွန်းတာကြောင့် ပရိသတ်တွေက သူတို့တွေကို အသက်ဝင်နေတဲ့ ပန်းချီကားတွေလို့တောင်မှ တင်စားထားကြပါတယ်။ ဒီလိုဆိုရင် အဲဒီသူတွေကလ ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦးနော်။

1. ASTRO’s Cha Eunwoo

ဘယ်လိုရှုထောင့်မျိုးကနေမဆို အပြစ်ပြောစရာမရှိလောက်အောင် ချောမောကြည့်ကောာင်းလွန်းတဲ့ Cha Eunwoo အနေနဲ့ ဒီလိုစာရင်းမျိုးမှာ ထိပ်ဆုံးကနေပါဝင်နေတာက သိပ်တော့အဆန်းတကြယ်မဟုတ်ပါဘူး။

2. THE BOYZ’s New

ထိရက်လွန်းစရာမရှိလောက်အောင် လှရက်သူကတော့ THE BOYZ အဖွဲ့ဝင် New ပဲ ဖြစ်ပါတယ်။

3. Kang Daniel

အချောဆုံးသော အမျိုးသား Idol တစ်ယောက်အဖြစ်နဲ့ နာမည်ကြီးသူနောက်တစ်ယောက်ကတော့ Wanna One ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ ပွဲထွက်ခဲ့ပြီး လက်ရှိမှာတော့ တစ်ကိုယ်တော်အနေနဲ့ လှုပ်ရှားနေတဲ့ Kang Daniel ပဲ ဖြစ်ပါတယ်။

4. NU’EST’s Hwang Minhyun

အချောဆုံးသော အမျိုးသား Idol တွေရဲ့ စာရင်းမှာ ထိပ်ဆုံးကနေ ပါဝင်လေ့ရှိတဲ့ Hwang Minhyun ရဲ့ ချောမောနေမှုကြီးကလည်း ဘယ်လိုဂျူနီယာ Idol တွေနဲ့ ဖြစ်ပါစေ၊ အသာလေး ယှဉ်လို့ရနေဆဲပါ။

5. MONSTA X’s Minhyuk

ချွေးတောင် ထွက်နေတာတောင်မှ ပန်းချီရေးဆွဲထားသလိုမျိုး လှရက်တဲ့သူကတော့ MONSTA X ရဲ့ Minhyuk ပဲ ဖြစ်ပါတယ်။

6. NCT DREAM’s Jeno

ကလေးဘ၀ကတည်းက ကြည့်ကောင်းတဲ့ Jeno တစ်ယောက်ကလည်း အရွယ်ရောက်လာချိန်မှာတော့ ဆွဲဆောင်မှုလည်းရှိပြီး ရုပ်ရည်လည်းချောမောတဲ့ Idol တစ်ယောက်အသွင်ကို ပြောင်းလဲလို့လာပါတယ်။

7. NCT’s Jungwoo

8. HOT SHOT’s Ha Sungwoon

9. SEVENTEEN’s Jeonghan

တကယ့်ကို အသက်ဝင်နေတဲ့ ပန်းချီကားတစ်ချပ်လားလို့ ထင်မှားရလောက်အောင် လှရက်လွန်းသူကတော့ SEVENTEEN အဖွဲ့ဝင် Jeonghan ပဲ ဖြစ်ပါတယ်။

10. BTS’s Jin

Worldwide Handsome ရယ်လို့တောင်မှ အမည်တွင်တဲ့ Jin ရဲ့ ကြည့်ကောင်းချောမောနေမှုကလည်း တကယ်ကို အသက်ရှုမှားချင်စရာပါပဲနော်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။