ချိုမြမြအပြုံးလေးတွေကြောင့် မြင်သူတိုင်းရင်ခုန်သံမြန်သွားရမယ့် ခင်ဝင့်ဝါရဲ့ပွဲတက်မြင်ကွင်း

Posted on - Jul 12 []

K Kay

စာရေးသူ

အရုပ်မလေးတစ်ရုပ်လို အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ ခင်ဝင့်ဝါဟာဆိုရင် ပရိသတ်တွေ အားပေးချစ်ခင်နေခဲ့ရတဲ့ အနုပညာရှင် မင်းသမီးချောလေး တစ်ယောက်ပါ။ အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ သူမကတော့ သရုပ်ဆောင်တဲ့နေရာမှာလည်း ထူးထူးချွန်ချွန်နဲ့ ထက်ထက်မြက်မြက် ရှိလွန်းလှတဲ့ သူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် အမြဲချစ်စရာကောင်းနေတဲ့ ခေးလေး ခင်ဝင့်ဝါကတော့ လတ်တလောမှာလည်း အလှဆုံးအပြုံးလေးတွေနဲ့ ပွဲတက်ရောက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်ကဆင့် မျှဝေပေးလာခဲ့တာကို တွေ့ရတာပဲ ဖြစ်ပါတယ်။

မိုမိုလေး ချစ်ပရိသတ်တွေအတွက် ကြည့်နေရင်း ရင်ခုန်သံမြန်သွားစေနိုင်လောက်တဲ့ ခင်ဝင့်ဝါရဲ့ ချစ်စဖွယ်ပွဲတက်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

ခင်ဝင့်ဝါရဲ့ ပုံရိပ်လေးတွေကတော့ ဇူလိုင်လ (၁၀) ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ "ကြိမ်နှုန်း" ရုပ်ရှင်ဇာတ်ကား Press Show ကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။

ထိုပွဲကြီးကို အလှဆုံးအပြုံးလေးတွေနဲ့ ချစ်စရာကောင်းအောင် တက်ရောက်ဖြစ်ခဲ့တဲ့ ခင်ဝင့်ဝါကတော့ " FREQUENCY ကြိမ်နှုန်း ရုပ်ရှင်ကားကြီး ရဲ့ Movie Premiere " ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

အသက် (၂၄) နှစ်အရွယ်ကို ရောက်ရှိလာခဲ့တဲ့ ခေးလေး ခင်ဝင့်ဝါကတော့ တစ်နေ့တစ်ခြား ကလေးတစ်ယောက်လိုကို ချစ်စရာကောင်းလာခဲ့တာပါနော်။

ခင်ဝင့်ဝါကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးနေတာဖြစ်ပြီး မကြာသေးခင်ကမှ ရုံတင်ပြသပေးပြီး သူမပါဝင် သရုပ်ဆောင်ထားတဲ့ "သတိအန္တာရာယ်ရှိသည်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ "လှပ်၍လွှင့်သော" ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားခဲ့တာပါ။

အလှဆုံးအပြုံးလေးတွေနဲ့ မြင်သူတကာငေးယူရလောက်အောင် ပွဲတက်ရောက်လာခဲ့တဲ့ ခေးလေးခင်ဝင့်ဝါရဲ့ ချစ်စဖွယ်ပုံရိပ်လှလှလေးတွေကို ပရိသတ်တွေ သဘောကျ ကြိုက်နှစ်သက်မိမယ်လို့ ထင်ပါတယ်။ အမြဲတမ်းကလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ ခင်ဝင့်ဝါကို ချစ်တယ်ဆိုရင် သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရရှိပါတယ်နော်။

Kay Kay
Ref : Khin Wint Wah's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။