သမီးလေးနဲ့အတူ အလှူလုပ်ရင်း ဝါဆိုသင်္ကန်း ကပ်လှူခဲ့တဲ့ ခိုင်​နှင်းဝေ

Posted on - Jul 12 []

Myint Myat

စာရေးသူ

ကိုယ်ကျိုးမကြည့်ပဲ ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်လေ့ရှိတာကြောင့် ပရဟိတ မင်းသမီးကြီးလို့​တောင်​ တင်​စား​ခေါ်​ဝေါ်ကြတဲ့ သရုပ်ဆောင်​ ခိုင်နှင်းဝေက​တော့ သူမရဲ့ မွန်​မြတ်​တဲ့စိတ်​ထား​လေး​ကြောင့်​ ပရိသတ်​​တွေ လေးစားအားကျ ချစ်ခင်ကြသူတစ်​ဦးပါ။ အလှူအတန်းတွေမှာလည်း လက်မနှေးလှတဲ့ ခိုင်​နှင်း​ဝေက​တော့ လတ်တလောမှာလည်း ချစ်ရတဲ့ သမီးလေးနဲ့အတူ အလှူလုပ်ရင်း ဝါဆိုသင်္ကန်း ကပ်လှူခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးကလည်း မေမေ ခိုင်နှင်းဝေနဲ့အတူ ဘုန်းဘုန်းကို ရှိခိုးပြီး ကုသိုလ်ယူခဲ့တာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ ခိုင်နှင်းဝေတို့ သားအမိရဲ့အလှူပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေကတော့ " စိန်ရတနာကျောင်း ပရိယတ္တိစာသင်တိုက် မှ ရွှေရတနာ စာသင်နှစ်ထပ်တိုက်ကျောင်းဆောင် ကြီးအတွင်း တည်ထားကိုးကွယ်နိုင်ရန် ဘုရား ဆင်းတုတော် အတွက် အလှူငွေ ၂ သိန်းကျပ်တိတိ နှင့် ဝါဆို သင်္ကန်းတို့ကို အမေနဲ့ သမီးလေးနဲ့တူတူ ကပ်လှူခဲ့ပါတယ်ရှင် 🙏🙏🙏" ဆိုပြီး သူမတို့ သားအမိရဲ့ ကုသိုလ်အကြောင်းကို ဝေမျှပေးထားတာပါ။

အရမ်းကို လည်လွန်း တတ်လွန်းတဲ့ ခိုင်နှင်းဝေရဲ့သမီးလေးရဲ့ချစ်စဖွယ် အပြုအမူလေးတွေကြောင့်လည်း ပရိသတ်တွေအားလုံးက အချစ်ပိုနေကြရတာပဲ ဖြစ်ပါတယ်။

ပရဟိတမင်းသမီးကြီး ခိုင်​နှင်း​ဝေက​တော့ အခုဆိုရင်​ မိဘမဲ့က​လေး​တွေလည်း သူမကိုယ်တိုင် မိခင်​အမည်​ခံ မွေးစားပြီး မေတ္တာအပြည့်အဝပေးနေတာပဲ ဖြစ်ပါတယ်။ မွန်​မြတ်​တဲ့ ​မေတ္တာတရား​တွေ ပြည့်​နှက်​​နေတဲ့ ခိုင်​နှင်း​ဝေက​တော့ ပရဟိတလုပ်​ငန်း​တွေအတွက်​ "ခိုင်​နှင်း​ဝေ ပရဟိတလူငယ်​များအသင်း"ကို တည်​​ထောင်​ထားတာပဲ ဖြစ်ပါတယ်။ မိုမို​လေးချစ်​ပရိသတ်​​တွေ​လည်း ချစ်စရာစိတ်ဓာတ်ပိုင်​ရှင်​​​​​လေး ခိုင်​နှင်း​ဝေရဲ့ကုသိုလ်​ကို သာဓု​ခေါ်သွားကြပါဦး​နော်​။

Myint Myat
Source:Khine Hnin Wai's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။