ခရိုအေးရှားအသင်း အောင်ပွဲခံချိန်မှာ အချောင်ဂိုးသွင်းယူဖို့ ကြိုးစားခဲ့တဲ့ အင်္ဂလန်ရဲ့အမှတ်တရဖြစ်ရပ်

Posted on - Jul 12 []

Gunner Ksr

စာရေးသူ

အခုအချိန်ကာလဟာ ၂၀၁၈ကမ္ဘာ့ဖလားရဲ့ နှစ်ပတ်လည်ကာလတွေပါပဲ။ ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၈ကမ္ဘာ့ဖလားဟာ ရင်ခုန်မှုမျိုးစုံ၊ စိတ်ဝင်စားမှုအဖုံဖုံနဲ့ ပြီးဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် မထင်မှတ်ထားတဲ့အလှည့်အပြောင်း၊ အချိုးအကွေ့တွေနဲ့ ၂၀၁၈ကမ္ဘာ့ဖလားဟာ ဘောလုံးပရိသတ်တိုင်း တရိုတသေနမ်းရှိုက်ချင်းတဲ့လင်္ကာမြောက် သံစဉ်တစ်ပုဒ်ဖြစ်ခဲ့တာပါ။

အဲဒီ ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ အားလုံးမထင်မှတ်ထားတဲ့ အနေအခြေတစ်ခုကို ဖန်တီးပြနိုင်ခဲ့ပြီး နာမည်ကြီးတွေကိုကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းသွားနိုင်ခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာတော့ အင်္ဂလန်ဟာ ခရိုအေးရှားအသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ခရိုအေးရှားနဲ့ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်အသင်းဟာ မိနစ် (၉၀) အထိ သရေရလဒ်ကစားထားနိုင်ခဲ့ပေမယ့် အချိန်ပို (၁၀၉) မိနစ်မှာ ဦးဆောင်ဂိုးသွင်းခြင်းခံခဲ့ရပါတယ်။ အင်္ဂလန်ကို ဦးဆောင်ဂိုးသွင်းပြီးနောက် ခရိုအေးရှားအသင်းသားတွေဟာ အပျော်လွန်ပြီး အချိန်ကြာမြင့်စွာ အောင်ပွဲခံခဲ့ကြပါတယ်။

ဒါကို လင်ဂတ်နဲ့ ရက်ဖို့ဒ်တို့က အလစ်အငိုက်အချောင်ဖမ်းကာ ဂိုးသွင်းနိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါပေမယ့် သူတို့ရဲ့ရည်မှန်းချက်ဟာ အထမမြောက်ခဲ့ဘဲ ကွင်းလယ်ဒိုင်က ခွင့်မပြုခဲ့ပါဘူး။

အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တတိယလုပွဲမှာလည်း ဘယ်ဂျီယံအသင်းကိုရှုံးနိမ့်ပြီး စတုတ္ထနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားက အင်္ဂလန်ရဲ့အမှတ်တရဖြစ်ရပ်

Ref: Sportbible
Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။