ပင်နယ်တီကာကွယ်ပြီး အောင်ပွဲခံချိန်မှာ ရုတ်တရက်လဲကျသေဆုံးသွားခဲ့တဲ့ ဆယ်ကျော်သက်ဂိုးသမား

Posted on - Jul 12 []

Htoo Yan Ag

စာရေးသူ

ပြီးခဲ့တဲ့ အင်္ဂါနေ့ ဒေသစံတော်ချိန် ညကိုးနားရီဝန်းကျင် အာဂျင်တီးနား ပြည်တွင်းအပျော်တမ်း ဘောလုံးပွဲစဉ်တစ်ပွဲမှာတော့ ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။ အာဂျင်တီးနား ဆယ်ကျော်သက် ဂိုးသမားလေးဟာ ပင်နယ်တီကို ရင်ဘတ်နဲ့ ကာကွယ်နိုင်ခဲ့ပြီးနောက် အောင်ပွဲခံနေချိန်မှာ ရုတ်တရတ် လဲကျသေဆုံးသွားခဲ့ရပါတယ်။

အသက်၁၇နှစ်အရွယ်သာ ရှိသေးတဲ့ ရာမွန်အစ္စမေးလ်ကိုရိုနယ်လ်လို့ အမည်ရတဲ့ ဂိုးသမားလေးဟာ သူ့အသင်းဖော်တွေနဲ့ ပရိသတ်တွေရှေ့မှာပဲ ရုတ်တရက် နှလုံးဖောက်ပြီး မြက်ခင်းပြင်ပေါ် လဲကျသွားခဲ့ရတာပါ။

အဆိုပါဘောလုံးကွင်းအနီးမှာ လူနာတင်ယာဉ် အလွယ်တကူ ခေါ်ယူလို့မရခဲ့တာကြောင့် အသင်းရဲ့ တာဝန်ရှိသူတွေက ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြပေမယ့်လည်း လမ်းတစ်ဝက်အရောက်မှာတင် ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီ့ဖြစ်ရပ်ဟာ အာဂျင်တီးနားရှိ Santa Fe ပြည်နယ်မြောက်ပိုင်း Reconquista မြို့အနီးက ရွာလေးတစ်ရွာမှာ ဖြစ်ပွားခဲ့ရတာ ဖြစ်ပြီး နှစ်စဉ် ကျင်းပတဲ့ ဘာသာရေးအထိမ်းအမှတ် ပွဲတော်အတွက် ရာမွန်တစ်ယောက် ကစားပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဝမ်းနည်းစရာဖြစ်ရပ်အတွက် သေဆုံးသွားခဲ့ရတဲ့ ဂိုးသမားလေးရဲ့ ဖခင်ဖြစ်သူကတော့ လူနာတင်ယာဉ်အလွယ်တကူ မရှိတဲ့ အဖြစ်ကို အပြစ်တင်သွားခဲ့ပါတယ်။ ဂိုးသမားလေး ရာမွန်ကစားတဲ့ အာဂျင်တီးနား မြောက်ပိုင်းလိဂ်ကလပ် Union de Golondrina က သူ့ရဲ့ သေဆုံးမှုကို အတည်ပြု ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။