"ဒီသူငယ်မအလှဆုံး"ဆိုတဲ့ မြန်မာသံ သီချင်းကို ပိုင်ပိုင်နိုင်နိုင် သီဆိုလေ့ကျင့်နေတဲ့ နေမင်းရဲ့ဗီဒီယို

Posted on - Jul 12 []

Myint Myat

စာရေးသူ

တည်ကြည်ခံ့ညားတဲ့ ရုပ်ရည်နဲ့ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေကြားမှာ နေရာတစ်ခု ခိုင်ခိုင်မာမာ ရရှိလာတဲ့ သရုပ်ဆောင် နေမင်းကတော့ ပရိသတ်တွေကိုလည်း တလေးတစားနဲ့ ဆက်ဆံတတ်သူတစ်ဦးပါ။ လတ်တလောမှာတော့ နေမင်းက လာမယ့် ဂျူလိုင်လ ၁၄ ရက်နေ့၊ ပုဂံမှာ ဖျော်ဖြေသီဆိုရမယ့် ပွဲတစ်ခုအတွက် သီချင်းဆို လေ့ကျင့်နေတဲ့ သူ့ရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ "ဒီသူငယ်မအလှဆုံး" ဆိုတဲ့ မြန်မာသံစဉ်သီချင်းကို ဟန်ချက်ညီညီ သီဆိုလေ့ကျင့်နေတဲ့ နေမင်းကတော့ တကယ့်ကို အသံကောင်းသူတစ်ဦးပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်ပိုင်းမှာသာမက၊ အဆိုပိုင်းမှာလည်း မခေဘူးဆိုတာ ပြသခဲ့တဲ့ နေမင်းရဲ့သီချင်းဆို လေ့ကျင့်နေတဲ့ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ်နော်။

နေမင်းကတော့ "14 ရက် နေ့ ပုဂံ တွင် ဖျော်ဖြေသီဆိုဖို့ လေ့ကျင့် နေပါသည်ကွယ်😍 ... ဒီသူငယ်မအလှဆုံး ( ဘဘအံ့ကြီး သီဆိုခဲ့တယ်ထင်မိသော သီချင်း) 🙏❤️" ဆိုပြီး မြန်မာသံကို ပိုင်ပိုင်နိုင်နိုင် သီဆိုပြထားတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

မြန်မာသံကို ပိုင်ပိုင်နိုင်နိုင် သီဆိုပြခဲ့တဲ့ နေမင်းရဲ့ဗီဒီယို

နေမင်းကတော့ လတ်တလောမှာ နောက်ထပ် ရိုက်ကူးဖို့ရှိနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေအတွက် အသေးစိတ်ကအစ ပြင်ဆင်မှုတွေ ပြုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ မကြာသေးခင်ကမှ မေးရိုး ခွဲစိတ်လိုက်တဲ့ နေမင်းကတော့ အရင်ကထက် ပိုပြီး ကြည့်ကောင်းလာသလို အသံလည်း ပိုကျယ်လာတယ်လို့ ပရိသတ်တွေကို ပြောထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တကယ့် အဆိုတော်ကြီးတစ်ယောက်လို သီချင်းဆိုကျွမ်းကျင်တဲ့ နေမင်းရဲ့ဗီဒီယိုလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Nay Min's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။