ချစ်သူကြိုက်တဲ့ဝတ်စုံလေးဝတ်ထားရလို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတယ်ဆိုပြီးပြောလာတဲ့ အေးမြတ်သူ

Posted on - Jul 12 []

K Kay

စာရေးသူ

ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ဆွဲဆောင်မှုရှိတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးဖြစ်တဲ့ အေးမြတ်သူကတော့ စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်သူလေးမို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပါ။ ချစ်စရာအပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မမြတ်လေးကတော့ လတ်တလောမှာ မြန်မာဝတ်စုံလေးတွေကိုသာ ဆက်တိုက်ဝတ်ဆင်ပေးနေတာမို့ ပရိသတ်တွေက သဘောကျနေခဲ့ကြရတာပါ။ လက်ရှိမှာလည်း သူမက ချစ်သူကြိုက်တဲ့ ဝတ်စုံလေးဝတ်ထားရလို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိကြောင်းကို လူမှုကွန်ယက်ပေါ်ကနေ ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

မိုမိုလေး ချစ်ပရိသတ်တွေအတွက် ချစ်သူကြိုက်တဲ့ ဝတ်စုံလေးဝတ်ထားရလို့ ကိုယ့်ကိုယ်ကိုယုံကြည်ရှိတဲ့အကြောင်း ပြောပြလာခဲ့တဲ့ မမြတ်လေးရဲ့အကြောင်းကို ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

အေးမြတ်သူကတော့ " ချစ်သူ့ အကြိုက်ဝတ်စုံလေးများ ဝတ်ထားရရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု့ကိုရှိလို့ မမြတ်လေးချစ်ရသူတွေနဲ့ မမြတ်လေးချစ်သူက ဒီလို လည်ပိတ်လက်ရှည်လေးတွေ ဝတ်စေချင်တယ် အပျိုကြီးကလည်း နဲနဲခပ်ဆိုးဆိုးတွေဝတ်ချင်တယ် 😁😁😁 ခုတော့ ချစ်တဲ့စိတ်နဲ့ ကြိုးစားပြောင်းလဲပါ့မယ်နော် 🙏🙏🙏🙏 ချစ်တယ် ❤❤❤❤❤ " ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

အချစ်အကြောင်းတွေကို ပြောပြလာခဲ့တဲ့ မင်းသမီးချောလေး အေးမြတ်သူကတော့ ချစ်ရတဲ့ မိသားစုတွေနဲ့အတူ ဘဝခရီးကို ပျော်ပျော်ကြီးဖြတ်သန်းပြီး အနုပညာအလုပ်တွေကိုသာ ဆက်လက်လုပ်ကိုင်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုအပိုင်းမှာ အရမ်းကိုကြိုးစားလွန်းတဲ့သူမကတော့ "နောင်တွင်ဥဒါန်းတွင်စေသတည်း" ရုပ်ရှင်ကားကြီးနဲ့ အမျိုးသမီး ဇာတ်ပို့ဆုကြီးကို ထိုက်တန်စွာဆွတ်ခူးရရှိထားခဲ့ပြီးပဲ ဖြစ်ပါတယ်။

ချစ်သူကြိုက်တဲ့ဝတ်စုံလေးဝတ်ထားရလို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိကြောင်းပြောပြလာခဲ့တဲ့ အေးမြတ်သူရဲ့ ပုံရိပ်လေးတွေကလည်း အရမ်းကို ဆွဲဆောင်အားကောင်းလွန်းလှပါတယ်နော်။ ချစ်သူကိုချစ်လွန်းလို့ ချစ်တဲ့စိတ်တွေကြောင့် အရာရာကိုပြောင်းလဲတော့မယ်လို့ ပြောလာခဲ့တဲ့ အေးမြတ်သူကိုချစ်ရင် ဒီပို့စ်လေးကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref : Aye Myat Thu's Facebook
Photo : AMAZING GRACE

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။