လူကြမ်းသရုပ်ဆောင် ဇော်ကြီး ရဲ့ အင်တာဗျူးကို တွေ့ပြီး ငွေကြေးသွားရောက် လှူဒါန်းမယ့် ဘေဘီမောင်

Posted on - Jul 12 []

Moe Kalay

စာရေးသူ

သူမရဲ့ ကောက်ကြောင်းအလှကြောင့် လူသိများလာတဲ့ သရုပ်ဆောင် ဘေဘီမောင်ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦပါ။ ဘေဘီမောင်ပါဝင်သရုပ်ဆောင် ရိုက်ကူးထားတဲ့ဇာတ်ကားများစွာ ရှိတာကြောင့် သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူလေးပဲ ဖြစ်ပါတယ်။ အနုပညာလောကကို ခက်ခဲကြမ်းတမ်းတဲ့ ဘဝနဲ့ ဝင်ရောက်လာပြီး ခုဆိုရင်သူမကြိုးစားအားထုတ်မှုကြောင့် အောင်မြင်မှုအတိုင်းအတာတစ်ခုကို ရရှိနေပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ဘေဘီမောင် က လူကြမ်းသရုပ်ဆောင် ဇော်ကြီးကို ငွေကြေး သွားရောက်လှူဒါန်းမယ့် အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဘေဘီမောင်က လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ လူကြမ်းသရုပ်ဆောင် ဇော်ကြီး ရဲ့ အင်တင်ဗျူးကို တွေ့ပြီး ငွေကြေးသွားလှူမယ်လို့ ပြောထားပါတယ်။ လူကြမ်းသရုပ်ဆောင် ဇော်ကြီးက သူ့ရဲ့ မိသားစုလေးနဲ့ နေထိုင်နေတဲ့ ကျူးကျော်အိမ်လေးကို ဖျက်ပေးရတော့မှာမို့ ဒုက္ခရောက်နေတာပဲ ဖြစ်ပါတယ်။

ဘေဘီမောင်က " ကိုယ့်စေတနာကိုယ့်အကျိုးပေးမှာပါဒုက္ခရောက်နေတဲ့ခုနှစ်ရက်သားသမီးတွေဆို ကိုယ့်ဘက်ကတတ်နိုင်သလောက်လေးတော့ကူညီသင့်ပါတယ်လေခု လူကြမ်းသရုပ်ဆောင်ဖိုက်တင် ဦးဇော်ကြီးဆို ဘေဘီတို့ရုပ်ရှင်နယ်ပယ်ကလည်းဖြစ်တယ် တော်တ်ာအဆင်မပြေဘူးဆိုတာလည်း Hiso Myanmar page မှာကြည့်ရင်တွေ့ကြမှာပါ 😔 ဘေဘီလည်းအောက်ခြေဘဝကလာခဲ့တဲ့သူမို့ စာနာစိတ်ထားပီး ဘေဘီတတ်နိုင်တဲ့ငွေလေး၂သိန်းလောက်သွားရောက်လှူမှာပါရှင့်🙏🏻😔" ဆိုပြီးပြောထားပါတယ်။

သရုပ်ဆောင် ဘေဘီမောင် က လူကြမ်းသရုပ်ဆောင် ဇော်ကြီးကို သွားရောက်လှူဒါန်းမယ့် သတင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။


Moekalay
Source;Baby maung's facebook
Photo; myanmar celebrity

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။