အသက်၁၆နှစ်အရွယ် အင်္ဂလန်မက်ဆီကို ခေါ်ယူလိုက်တဲ့ ဘာစီလိုနာ

Posted on - Jul 12 []

Htoo Yan Ag

စာရေးသူ

အင်္ဂလန်မက်ဆီလို့ နာမည်ကြီးနေတဲ့ အသက်၁၆နှစ်အရွယ် ဝက်စ်ဘရွန်းဆယ်ကျော်သက်တိုက်စစ်မှူးလေး လူဝီဘယ်ရီဟာ PSG အသင်းရဲ့ ပေါင်၂.၇သန်းတန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ဘာစီလိုနာအသင်းကို တရားဝင်ပြောင်းရွှေ့သွားခဲ့ပါပြီ။

အင်္ဂလန်မက်ဆီဟာ အသက်၆နှစ်အရွယ်ကတည်းက ဝက်စ်ဘရွန်းလူငယ်ဘောလုံးအသင်းထံမှာ စတင်ကစားခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ဘယ်ရီကိုခေါ်ယူနိုင်ဖို့အတွက် ဥရောပအသင်းကြီးတွေဖြစ်တဲ့ PSG ၊ ဘိုင်ယန်မြူးနစ် ၊ မန်ယူနဲ့ ဂျူဗင်တပ်အသင်းတို့နဲ့ အပြိုင် ကြိုးပမ်းပြီး လက်ဦးမှု ရယူခဲ့ရတာ ဖြစ်ပါတယ်။

ဘယ်ရီဟာ ပြီးခဲ့တဲ့နှစ်က အင်္ဂလန်ယူ-၁၅ ဘောလုံးအသင်းအတွက် ၅ပွဲကစားပြီး ၁၀ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဝက်ဘရွန်း ယူ-၁၈အသင်းအတွက်လည်း ၄ဂိုးသွင်းကာ ၃ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ Vale-de-Marne ပြိုင်ပွဲမှာလည်း ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။

ဘယ်ရီရဲ့ အသက်၁၆နှစ်ပြည့်မွေးနေ့မှာပဲ ဝက်စ်ဘရွန်းအသင်းက ပရော်ဖက်ရှင်နယ်လ် စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပြီး PSG အသင်းကလည်း ပဲရစ်မှာ လာရောက်ဆေးစစ်ဖို့အတွက် သီးသန့် ပေါင်၂.၇သန်း ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားရှိတဲ့ ဘာစီလိုနာအသင်းက ကမ်းလှမ်းလာချိန်မှာတော့ ဘယ်ရီတစ်ယောက် ငြင်းပယ်နိုင်စွမ်းမရှိတော့ပါဘူး။

ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေးမဖော်ပြပဲ တရားဝင်ရောက်ရှိသွားခဲ့တဲ့ အင်္ဂလန်မက်ဆီဟာ လာမယ့်ရာသီမှာတော့ ဘာစီလိုနာယူ-၁၉အသင်းမှာ စတင်ကစားခွင့် ရရှိသွားမှာဖြစ်ပြီး နာမည်ကျော် လာမာစီယာအကယ်ဒမီမှာ နေထိုင်ပြီး ပညာသင်ကြားခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။ လူဝီဘယ်ရီဟာ တစ်ချိန်မှာတော့ နိုင်ငံကိုယ်စားပြုအသင်းအဖြစ် အင်္ဂလန်နဲ့ အိုင်ယာလန် ၂သင်းထဲက တစ်သင်းကို ရွေးချယ်ကစားသွားရမှာလည်း ဖြစ်ပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။