"ချန်ပီယံလိဂ် (၆) ကြိမ်"စာတန်းပါလေယာဉ်တစ်စင်း မန်ယူလေ့ကျင့်ရေးကွင်းအပေါ် ဖြတ်သန်းပျံသန်း

Posted on - Jul 12 []

Gunner Ksr

စာရေးသူ

ဥရောပအအောင်မြင်ဆုံး အင်္ဂလန်အသင်းဆိုတဲ့ဂုဏ်ပုဒ်ဟာ လီဗာပူးပရိသတ်တွေ အမြဲတမ်းဂုဏ်ယူနေရမယ့်အရာပါပဲ။ ဘယ်တော့မှ မပျောက်ပျက်တော့မယ့် သမိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ မေလအတွင်း စပါးကို (၂-၀) ဂိုးနဲ့ အပြတ်အသက်နိုင်ရပြီး ချန်ပီယံလိဂ်ဆုဖလားကို (၆) ကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ အခက်အခဲ၊ အတားအဆီးများစွာကို ကျော်ဖြတ်ပြီးမှ ရရှိခဲ့တဲ့ ဆုဖလားဖြစ်တဲ့အတွက် လီဗာပူးပရိသတ်တွေအားလုံး အပျော်လွန်ခဲ့ကြပါတယ်။

(၂) လနီးပါးကြာမြင့်သွားပြီဖြစ်ပေမယ့် ပြန်တွေးလိုက်တိုင်း မက်ဒရစ်ညချမ်းကရင်ခုန်သံမျိုး လီဗာပူးပရိသတ်တွေရဲ့ရင်ထဲမှာ ကိန်းအောင်းနေဆဲပါပဲ။ ကိုယ့်အသင်းအောင်မြင်မှုရရင် အဓိကပြိုင်ဘက်ကို ကဲ့ရဲ့ချင်တာ၊ လှောင်ပြောင်ချင်တာ လူတိုင်းရဲ့သဘာဝပါပဲ။

လီဗာပူးပရိသတ်တွေရဲ့ အခါးသီးဆုံးပြိုင်ဘက်မန်ယူအသင်းအပေါ် လှောင်ပြောင်မှု၊ ကဲ့ရဲ့မှုကတော့ တကယ့်ကို ပညာသားပါးလွန်းပြီး မန်ယူတို့အတွက် အလွန်ခံရခက်စေတဲ့အရာ ဖြစ်ခဲ့ပါတယ်။

မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် သြစတြေးလျနိုင်ငံကို ရောက်ရှိနေပြီး လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။ မန်ယူအသင်း လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ကွင်းအပေါ် "Liverpool 6x European Champions" စာတန်းချိတ်ဆွဲထားတဲ့ လေယာဉ်တစ်စင်း ဖြတ်သန်းပျံသန်းမှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီက လီဗာပူးပရိသတ်တွေရဲ့လက်ချက်ဖြစ်ပြီး ဥရောပမှာ လီဗာပူးဟာ မန်ယူထက် အပြတ်အသက်သာတယ်ဆိုတာကို သိစေချင်တဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ ဘာပဲပြောပြော လီဗာပူးပရိသတ်တွေရဲ့ လှောင်ပြောင်မှုက မန်ယူပရိသတ်တွေရဲ့ရင်ထဲကို ထိရှစေခဲ့တယ်လို့ ဆိုရမှာပါ။

Ref: Sportbible
Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။