ယူနက်စကို အစည်းအဝေးပွဲ တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာတဲ့ အေးဝတ်ရည်သောင်း

Posted on - Jul 12 []

Rowena

စာရေးသူ

အဇာဘိုင်ဂျန် ဘာကုမြို့တော်မှာ (၄၃)ကြိမ်မြောက် ယူနက်စကို အစည်းအဝေးကြီးကို ဇူလိုင်လ(၆)ရက်နေ့ကပဲ အောင်အောင်မြင်မြင်နဲ့ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ထို ယူနက်စကို အစည်းအဝေးပွဲကြီးမှတဆင့် မြန်မာနိုင်ငံမှ ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သက်မှတ်လိုက်တာကြောင့် မြန်မာပြည်သူ ပြည်သားတွေ တော်တော်လေး ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။

(၄၃)ကြိမ်မြောက် ယူနက်စကို အစည်းအဝေးကြီးကို မြန်​မာကိုယ်​စားလှယ်​ နုလုံးသားထဲမှပုဂံ အဖွဲ့ နှင့်အတူ မင်းသမီးချောလေး အေးဝတ်ရည်သောင်းကလည်း တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ(၁၂) ရက်နေ့မှာတော့ နှလုံးသားထဲမှပုဂံအဖွဲ့သားတွေနဲ့အတူတူ အေးဝတ်ရည်သောင်းက ဘာကုမြို့တော်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

မိဘများနဲ့အတူတူ တွေ့ရတဲ့ အေးဝတ်ရည်သောင်း

အေးဝတ်ရည်သောင်းနဲ့ နှလုံးသားထဲကပုဂံ အဖွဲ့သားတွေကတော့ မြန်မာလူမျိုးတွေအတွက် အကောင်းဆုံး ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မအေးသောင်းနဲ့ ထပ်တူဝမ်းသာနေမယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: 7th sense creation

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။