ကွင်းထဲအထိဝင်ပြီး ပြိုင်ဘက်ကို ဖျက်ထုတ်ခဲ့တဲ့ မော်ရင်ဟိုရဲ့အံ့အားသင့်ဖွယ်လုပ်ရပ်

Posted on - Jul 12 []

Gunner Ksr

စာရေးသူ

ပေါ်တူဂီနာမည်ကျော်နည်းပြမော်ရင်ဟိုဟာ လက်ရှိအချိန်မှာ အေးဆေးစွာအနားယူလျက်ရှိနေပါတယ်။ မော်ရင်ဟိုဟာ နည်းပြဘ၀မှာ အံ့အားသင့်ဖွယ် အောင်မြင်မှုတွေကို ရယူထားပြီး ထိပ်တန်းနည်းပြတစ်ယောက်ဆိုတာ သက်သေပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ လောကဓံများစွာကို ခါးစီးအန်တုရင်း မော်ရင်ဟိုဟာ ကမ္ဘာအလယ်မှာ တင့်တယ်စွာ ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူမှာတော့ မော်ရင်ဟို ကံမကောင်းခဲ့ပါဘူး။

မန်ယူမှာ မော်ရင်ဟိုတစ်ယောက် လွဲမှားခြင်းနေ့စွဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် ၂၀၁၈၊ ဒီဇင်ဘာလမှာ နည်းပြရာထူးကနေ ခါးသက်စွာ အထုတ်ပယ်ခံလိုက်ရပါတယ်။ မော်ရင်ဟိုဟာ အဲဒီအချိန်ကတည်းက နည်းပြလက်မဲ့ဖြစ်ပြီး အနားယူနေခဲ့ရသူပါ။

ဒါပေမယ့် မော်ရင်ဟိုရဲ့အကြောင်းအရာတွေကတော့ တစ်နည်းမဟုတ်တစ်နည်း မီဒီယာတွေထက်ကနေ ကွယ်ပျောက်သွားတယ်လို့ မရှိပါဘူး။ Michael Sheen က ၂၀၁၄ ခုနှစ် ရန်ပုံငွေချစ်ကြည်ရေးပွဲစဉ်တစ်ပွဲမှာ မော်ရင်ဟိုရဲ့ အမှတ်တရတစ်ခုကို ပြန်ပြောင်းပြောပြာလာပါတယ်။

မော်ရင်ဟိုဟာ အဲဒီပွဲစဉ်မှာ ပြိုင်ဘက်အသင်းတိုက်စစ်ဆင်နေတာကို နည်းပြခုံတန်းကနေ ကွင်းထဲအထိဝင်လာပြီး ဟန့်တားခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ အဲဒီလုပ်ရပ်က ကြည့်ရှုသူအားလုံးအတွက် ပွဲကျစရာဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် ပရိသတ်တွေအတွက် မော်ရင်ဟိုရဲ့ပွဲကျစရာ ဖြစ်ရပ်တစ်ခုကို ဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်။

ကွင်းထဲအထိ ၀င်ဖျက်ခဲ့တဲ့မော်ရင်ဟို

Ref: Sportbible
Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။