လီဗာပူးရဲ့ ကမ္ဘာကျော်ဘောကောက်ကောင်လေး ယူ-၁၈ အသင်းအတွက် ဂိုးစသွင်းပြီ

Posted on - Jul 12 []

Htoo Yan Ag

စာရေးသူ

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းဖက်ကို သွင်းယူခဲ့တဲ့ နောက်ဆုံးအနိုင်ဂိုးမှာ မဖြစ်မနေချီးကျူးရမှာ နောက်ခံလူ အလက်ဇန်းဒါးအာနိုးနဲ့ ဘောကောက်ကောင်လေးပါ။ ဘောကောက်ကောင်လေးရဲ့ လျင်လျင်မြန်မြန်ပေးပို့မှုကို အာနိုးက ပြိုင်ဘက်အဆင်သင့် မဖြစ်သေးချိန်မှာ အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ ဒီသမိုင်းဝင် comeback မှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပေးခဲ့တဲ့ အသက်၁၄နှစ်အရွယ် ကန်နိုနီယားလို့ အမည်ရတဲ့ ဘောကောက်ကောင်လေးဟာ ယူ-၁၈အသင်းအတွက် ပထမဦးဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါပြီ။

လီဗာပူးယူ-၁၈အသင်းဟာ ရာသီကြို ခြေစမ်းပွဲအဖြစ် ဘာတန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ (၄-၀) ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ နာမည်ကျော် ဘောကောက်ကောင်လေးလည်း လီဗာပူးယူ-၁၈အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး အသင်းအတွက် ပထမဦးဆုံး သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ကန်နိုနီးယားဟာ အသက်၁၄နှစ်အရွယ်သာရှိသေးပေမယ့်လည်း သူ့ရဲ့ ကစားသမားဘဝအနာဂတ်ကတော့ တောက်ပလျက်ရှိပြီး ယူ-၁၈ပြိုင်ပွဲမှာတောင် သွင်းဂိုးစတင်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ခံလူ အာနိုးရဲ့ အရေးပါတဲ့ ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ဖို့ ထောင့်ကန်ဘောကန်မယ့် ဘောလုံးကို လျင်လျင်မြန်မြန် ပေးပို့ပေးခဲ့တဲ့ ဘောကောက်ကောင်လေးဟာ ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းက နာမည်ကျော် အများအပြားရဲ့ အထူးတလည် ချီးကျူးခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

REF : sport bible
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။