နာမည်ကြီးအပြာမင်းသမီးတွေလက်မှတ်ထိုးထားတဲ့အိတ်ကို ရရှိခဲ့ပြီဖြစ်တဲ့ အတ္တလန္တာကွင်းလယ်လူ

Posted on - Jul 12 []

Gunner Ksr

စာရေးသူ

အတ္တလန္တာကွင်းလယ်လူပက်ဆီနာကတော့ အားလပ်ရက်တွေကုန်ဆုံးအပြီး အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို ပြန်လာခဲ့ရာမှာတော့ ထူးခြားတဲ့လက်ဆောင်တစ်ခု ပါလာခဲ့ပါတယ်။ အဲဒါကတော့ မက်ဆီနာဟာ Porn Star တွေလက်မှတ်စုပြီးထိုးထားတဲ့ အိတ်တစ်လုံးကို ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အခုအချိန်ဟာ ဘောလုံးလောကမှာ ကစားသမားတွေအနေနဲ့ သူတို့ရဲ့အားလပ်ရက်တွေကို ကုန်ဆုံးပြီး သက်ဆိုင်ရာမိခင်ကလပ်ပြန်ကာ ရာသီကြိုလေ့ကျင့်မှုတွေကို စတင်ပြုလုပ်နေပြီဖြစ်တဲ့အချိန်လည်း ဖြစ်ပါတယ်။

မန်ယူ၊ လီဗာပူး၊ အာဆင်နယ် စတဲ့ နာမည်ကျော်ပရီးမီးယားလိဂ်အသင်းတွေဟာလည်း ရာသီကြိုလေ့ကျင့်မှုတွေကို ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ ဒီအထဲမှာမှ ပက်ဆီနာက အားလုံးရဲ့စိတ်ဝင်စားမှုကို ခံနေရသူလည်း ဖြစ်ပါတယ်။

ပက်ဆီနာဟာ အသင်းနဲ့ပြန်လည်ပူးပေါင်းလာတဲ့ ပုံရိပ်တွေကို လှုမှုကွန်ရက်ပေါ် ဝေမျှခဲ့ရာမှာတော့ နာမည်ကျော် Porn Star Mia Khalifa အပါအ၀င် Porn Star များစွာ လက်မှတ်ရေးထိုးထားတဲ့အိတ်ကို မီဒီယာတွေနဲ့ ပရိသတ်တွေက သတိထားမိသွားခဲ့ကြပါတယ်။

"စိတ်ဝင်စားစရာအကောင်းဆုံးအိတ်ပဲ" "ဒါက ယောက်ျားလေးတိုင်း လိုချင်နေတဲ့အရာပဲ" စသဖြင့် ပရိသတ်တွေက မှတ်ချက်မျိုးစုံရေးသားသွားခဲ့ကြပါတယ်။ ပက်ဆီနာရဲ့အိတ်ဟာ တကယ်ပဲ ယောက်ျားလေးတိုင်းလိုချင်ကြတဲ့အရာတစ်ခု ဖြစ်နေမလား။

Ref: Sportbible
Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။