sex education နဲ့ပတ်သက်ပြီး သားသားမီးမီးတွေကို သင်ပေးရမယ့်အချက် ပြောပြလာတဲ့ လှနုထွန်း

Posted on - Jul 12 []

Moe Kalay

စာရေးသူ

မြန်မာအမျိုးသမီးထုကြီးကို အမြင်ကျယ်လာအောင် သူမသိတဲ့ ဗဟုသုတလေးတွေကို ဝေမျှရင်း အောင်မြင်မှုတွေရရှိလာတဲ့ National Director အလှမယ် လှနုထွန်းကတော့ သူမကိုယ်တိုင်လည်း ခင်ပွန်းသည်အပေါ် တာဝန်ကျေအောင် နေထိုင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းရှိတဲ့ စိတ်ဓါတ်ပိုင်ရှင်လေး လှနုထွန်းကတော့ အမုန်းခံရရင်တောင် သူမပြောချင်တဲ့ အကြောင်းအရာကို သေသေချာချာပြောပြတတ်တဲ့သူတစ်ဦးပါပဲနော်။ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် လှနုထွန်းက Sex Education နဲ့ ပတ်သက်ပြီး သားသားမီးမီး လေးတွေကို သင်ပေးရမယ့် အချက်လေးတွေ အကြောင်းပြောပြထားတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

မကြာသေးခင်က လှနုထွန်းက မိန်းမတွေ အတူမနေချင်တဲ့ ယောကျာ်း ခေါင်းစဉ် နဲ့ ပညာပေးတစ်ချို့ကို ရေးခဲ့တာကြောင့် ယောကျာ်းထုကြီးရဲ့ ဝေဖန်ပြောဆိုခြင်းကို ခံရသလို ၊ sex ကိစ္စပြောဖို့ မရှက်သင့်တဲ့အကြောင်း ကိုယ့်ယောကျာ်းကို တကယ်ချစ်ရင် ကိုယ့်ရဲ့ ကုတင်ကို ကောင်းအောင်ခင်းပါ။ သူများကုတင်ပေါ်ရောက်မှ ငိုမနေနဲ့ ဆိုပြီး ပြောခဲ့တာကြောင့်လည်း လူမှုကွန်ယက်မှာ ဂယက်ထခဲ့တာပဲ ဖြစ်ပါတယ်။

သူမက ပညာပေးအချက်ကလေးတွေကို မျှဝေလေ့ရှိပြီး လတ်တလော လူမှုကွန်ယက်ပေါ်မှာ ဂယက်ထနေတဲ့ သက်ငယ်မုဒိမ်း နဲ့ ပတ်သက်ပြီး မြန်မာတစ်နိုင်ငံအနေနဲ့ စိတ်မကောင်းဖြစ်နေကြတာပါ။ သက်ငယ်မုဒိမ်း ဖြစ်နေတာနဲ့ ပတ်သက်ပြီး လှနုထွန်းက သားသားမီးမီးလေးတွေကို သင်ပေးရမယ့် အချက်လေးတွေအကြောင်း ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။

လှနုထွန်းက " အသက် ၂ နှစ် ဆိုရင် sex education ကို စသင်လို့ ရပါပြီ။ ရေချိုးပေးရင်းနဲ့  ဒါကတော့ ရှုးပေါက်တဲ့နေရာ အီအီးပါတဲ့ နေရာ သူ့  ပစ္စည်း အစိတ်အပိုင်း ဒါကတော့ nipples နို့ သီးခေါင်း နှုတ်ခမ်း လျှာ ဒါတွေကို သင်ပေးသင့်ပါပြီ။ Private parts ဆိုတာဘာလဲ ပြောပြထားသင့်ပါပြီ။ ချစ်လို့ ဆိုပြီး နှုတ်ခမ်းကို နမ်းရင် No ပြောတတ်ပါစေ။ မူကြို မထားခင် Good touch Bad touch Secret touch ကို ခွဲခြားသင်ပေးသင့်ပါတယ် ။

" နာလို့ ဥုံဖွလုပ်ပေးတာ ငိုလို့ ဖက်ပြီးချော့တာ ဆရာဝန် စမ်းသပ်တာက Good Touch private parts ကိုထိမယ် ဘာကိစ္စမှ မရှိပဲ ကိုယ့်အသားကို ထိုင်ပွတ်နေမယ် ခံရခက်အောင် ကလိထိုးမယ် နှုတ်ခမ်းကိုလာနမ်းမယ် နာအောင် လုပ်မယ် ဆိုရင်တော့ Bad touch။ ထိတာကိုင်တာကို ဘယ်သူမှ မပြောရဘူး နော် ဆိုပြီး ပြောရင် မိဘကို ပြန်ပြောပြရမယ် ဒါက Secret touch။ အထဲ မထိုးသွင်းသ၍ ကလေးက မနာဘူးလေ အဲ့ဒီတော့ ပြန်မပြောဖူးပေါ့။ထိုးသွင်းမှ မဟုတ်ဖူးနော် ထိကိုင် စုတ် နမ်း ပွတ် အပြော အပြ ပုံရိုက် နဲ့ လည်း Child Molesting ပြစ်မှုမြောက်တယ်။ တခါတလေ ကိုယ်ချစ်လို့ လုပ်လိုက်တာက ဒီပြစ်မှု ဆိုတာမသိလိုက်သူတွေ သတိထားမိစေချင်လို့ ပါ။" ဆိုပြီး ပြောထားပါတယ်။

လှနုထွန်း ပြောပြတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;hla nu tun

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။