စိုးသီဟ နဲ့ သူမရဲ့ ကြားက ဆက်ဆံရေးအကြောင်းပြောပြခဲ့တဲ့ ဂျေနော်

Posted on - Jul 12 []

May Phyo

စာရေးသူ

ဖက်ရှင်လောကမှာ နာမည်တစ်ခုရရှိနေပြီး မော်ဒယ်လောကမှာလဲ အောင်မြင်နေပြီဖြစ်တဲ့ ဂျေနော်ဟာ တိုင်းရင်းသူလေးပီပီ ပွင့်လင်းရိုးသွားစွာ ပြောဆိုနေနိုင်တက်ပါတယ်။ သူမက လှပတဲ့ ခန္ဓာကိုယ်နဲ့ စကားသံ ၀ဲတဲတဲလေးတွေကြောင့် ပရိသတ်တွေကြားမှာ အရမ်းကို အောင်မြင်ခဲ့ပြီး ၀န်းရံနေကြတဲ့ အမျိုးသားပရိသတ်တွေလဲ မနဲလှပါဘူး။ သူမ ရဲ့ အကျော်ကြားဆုံးအချက်ကတော့ ကျန်းမာရေးအရ Bra မ၀တ်ဘူးဆိုတဲ့ ကိစ္စကတော့ တော်တော်လေးကိုဟော့ဖြစ်ခဲ့ပါတယ်။ သူမက အလန်းစားဖက်ရှင်တွေနဲ့ အမြဲလိုလိုပွဲတက်ဖြစ်တာကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာလဲ ဖြစ်ပါတယ်။

သူမဟာ ယခုအခါမှာတော့ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် စိုးသီဟ နဲ့ သူမ ရဲ့ အကြောင်းလေးတွေကိုခုလိုဘဲ ပြောကြားလာပါတယ်။ ဂျေနော်နဲ့ စိုးသီဟ တို့ဟာ လွန်ခဲ့တဲ့ (၇)လလောက်က ခင်မင်ရင်းနှီးခဲ့ကြပြီး အနုပညာအသိုင်းအ၀ိုင်း ကလူအချင်းချင်းမို့ ပိုပြီး အပြန်အလှန် အဖော်ပြုဖြစ်နေတယ်လို့သိရပါတယ်။ သူတို့နှစ်ယောက်က မင်းသားနဲ့ ဖက်ရှင်မော်ဒယ်နဲ့ ဖြစ်တာကြောင့် တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို တစ်ယောက်က ပြန်လည်မျှဝေနိုင်ပြီး ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုသလို တစ်ယောက် နဲ့တစ်ယောက် ဖလှယ်ဖြစ်ပါတယ်။

အဲ့ဒီလို ခင်မင်ရင်းနှီးကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဂျေနော်က “ လွန်ခဲ့တဲ့ (၇)လလောက်ထဲကခင်ခဲ့ကြပါတယ်။ သူကအနုပညာ စောလုပ်နေတာဆိုတော့ အနုပညာအသိုင်းအ၀ိုင်းထဲကဘဲ ဖြစ်တဲ့အတွက်ကြောင့် တစ်ခါတလ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ လိုအပ်တာမျိုး၊ အကူညီလိုတာမျိုးဆို သူ့ကိုမေးဖြစ်တယ်။ မင်းသားနဲ့ မော်ဒယ်ဆိုပေမယ့်လဲ တစ်ချို့အပိုင်း တစ်ချို့ကဏ္ဍတွေမှာတော့ သူပြောပြပေးနိုင်တဲ့ အချက်တွေရှိတယ်။

အချင်းချင်းဖလှယ်တယ် photo မော်ဒယ်ဖြစ်တဲ့အတွက် ဖက်ရှင်နဲ့ ပတ်သက်တာမျိုးတွေ အကြံပေးဖြစ်တယ်။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ တစ်ယောက်နဲ့တစ်ယောက် ဖလှယ်ဖြစ်တယ်။ အမြဲတမ်းအပြင်သွား မုန့်စားတာကအစ သွားလာတဲ့သူတွေထဲမှာဆိုရင် သူလဲတစ်ယောက်ပေါ့။ သူက စိတ်ရင်းစိတ်ထားကောင်းတယ်။ အပေါက်ဆိုးတယ်” ဆိုပြီးလဲ မိုမိုလေးရဲ့ အင်တာဗျူး မှာ ပြောဆိုထားပါတယ်။

ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်တွေဖြစ်လို့ သူတို့နှစ်ယောက်ကိုလဲအားပေးကြပါဦးနော်။ ဖတ်ရှု့ပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source – momolaytv

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။