2NE1 ပြိုကွဲခဲ့တာနဲ့ပတ်သတ်ပြီး အပြစ်တင်ခံနေရမှုတွေကို ပညာသားပါပါနဲ့ တုံ့ပြန်ခဲ့တဲ့ Park Bom

Posted on - Jul 12 []

Mia Zin

စာရေးသူ

2NE1 ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Park Bom ဟာ 2NE1 အဖွဲ့ပြိုကွဲခဲ့တာက သူမကြောင့်ဆိုတဲ့ အပြစ်တင်ဝေဖန်မှုတွေကို အဖွဲ့စတင်ပြိုကွဲတဲ့အချိန်ကတည်းက ရရှိနေခဲ့တာဖြစ်ပြီး ဒီနေ့အချိန်ထိလည်း ရရှိနေဆဲဖြစ်ပါတယ်။ ဒီလိုမျိုး အပြစ်တင်ဝေဖန်ချက်တွေကြောင့် Park Bom ဟာ အနုပညာလှုပ်ရှားမှုတွေကိုတောင် အချိန်တစ်ခုမျှရပ်နားလိုက်ရပါသေးတယ်။

အခုဆိုရင်တော့ အနုပညာလှုပ်ရှားမှုတွေကို ပြန်လုပ်နေပြီဆိုပေမယ့်လည်း အပြစ်တင်တိုက်ခိုက်မှုတွေကတော့ ရရှိနေဆဲပါ။ "2NE1 ကို ဖျက်ဆီးလိုက်တာ မင်းပဲ။ မင်းရဲ့ ကောလဟာလတွေသာမရှိခဲ့ရင် ဒီလိုတွေဖြစ်လာမှာ မဟုတ်ဘူး။ Tsk tsk တစ်ဖက်ကကြည့်ရင်လည်း ကျေးဇူးတင်စရာတော့ ကောင်းပါတယ်။ မင်းကြောင့်သာ အဖွဲ့မကွဲခဲ့ရင် BLACKPINK က ပွဲထွက်နိုင်မှာမဟုတ်ဘူး" လို့ဆိုကာ 2NE1 အဖွဲ့ဖျက်သိမ်းခဲ့ရတာက Park Bom ကြောင့်လို့ဆိုပြီး အပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောရက်ပိုင်းတုန်းက သူမအင်စတာဂရမ်မှာတင်ထားတဲ့ ပို့စ်တစ်ခုရဲ့ ကွန်မန့်မှာဆိုရင် သူမဟာ "2NE1 ကို ဖျက်ဆီးလိုက်တဲ့သူ" ဆိုပြီး ပရိသတ်တစ်ယောက်က လာမန့်ထားတာကို တွေ့ရပါတယ်။ အဲဒီအခါမှာတော့ Bom ဟာ သူမကိုယ်တိုင် ထိုကွန်မန့်ကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ကွန်မန့်မှာရေးထားတာကတော့ "2NE1 ကို မင်းဖျက်ဆီးလိုက်တယ်ဆိုပေမယ့်လည်း ငါကတော့ မင်းကို ချစ်နေဆဲပါပဲ" လို့ဖြစ်ပြီး သူမကတော့ ထိုကွန်မန့်ကို "ငါ လုပ်ခဲ့တာမဟုတ်ပါဘူး။ တခြားတစ်ယောက်လုပ်ခဲ့တာ" လို့ဆိုကာ ပြန်လည်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအခါမှာတော့ ပရိသတ်တွေက သူမရဲ့အနားမှာ အမြဲရှိနေမယ်ဆိုတာကို အားပေးစကားတွေပြောခဲ့ပါတယ်။ Bom ပြောတဲ့ တစ်စုံတစ်ယောက်ဆိုတာက ဘယ်သူများပါလိမ့်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။