ပရိသတ်တွေ ရွေးချယ်ခဲ့ကြတဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်း

Posted on - Jul 12 []

Gunner Ksr

စာရေးသူ

ပရိသတ်တွေ အားပေးမှု အကြမ်းဆုံးပရီးမီးယားလိဂ်ပြိုင်ပွဲကြီး စတင်လာတာ အခုဆိုရင် နှစ်ပေါင်း (၃၀) နီးပါးအထိ ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်ပေါင်း (၃၀) အတွင်းမှာ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ကို ရသအမျိုးမျိုး၊ အဖုံဖုံပေးပြီး ဖမ်းစားဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကျော် တိုက်စစ်မှူးတွေ မွေဖွားရာနေရာ၊ ရင်သပ်ရှုမောဖွယ်ရာ အခိုက်အတန့်များစွားကို ပရီးမီးယားလိဂ်က ကျွန်တော်တို့ဆီပို့ဆောင်ပေးခဲ့ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ်မှာ အစွဲငြိဆုံး ကစားသမားတစ်ယောက်ကို ရွေးထုတ်ပြပါဆိုရင် ဒါဟာတော်တော်လေးခက်ခဲတဲ့မေးခွန်းလို့ ဆိုရမှာပါ။ Sportbible က ပရိသတ်တွေထံ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းကို စစ်တမ်းကောက်ယူခဲ့မှုကို ဖော်ပြပေးချင်ပါတယ်။ ပရိသတ်တွေကတော့ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဂိုးသမားအဖြစ် မန်ယူအသင်းနဲ့ အောင်မြင်မှုများစွာ ရယူပေးခဲ့တဲ့ ဒိန်းမတ်ဂန္ထ၀င်ဂိုးသမားကြီးရှမိုက်ကယ်ကို ရွေးချယ်သွားခဲ့ပါတယ်။

နောက်တန်း (၄) ယောက်နေရာမှာတော့ မန်ယူနောက်ခံလူဟောင်းအီဗရာ၊ အာဆင်နယ်ဂန္ထ၀င်နောက်ခံလူအဒမ်၊ ချဲလ်ဆီးဂန္ထ၀င်နောက်ခံလူဂျွန်တယ်ရီနဲ့ မန်ယူဂန္ထ၀င်နောက်ခံလူဟောင်းဂယ်ရီနဗီးလ်တို့ကို ရွေးချယ်သွားခဲ့ပါတယ်။

ကွင်းလယ်ကစားသမား (၄) ယောက်နေရာကလည်း ပရိသတ်တွေအကြိုက်ချည်းပါပဲ။ မန်ယူအသင်းမှာ အတွဲညီညီ ခြေစွမ်းပြခဲ့တဲ့ ဘက်ခမ်း၊ ဂစ်၊ ပေါစခိုးလ်တို့နဲ့အတူ လီဗာပူးရဲ့ ချန်ထားလို့မရတဲ့ ဂန္ထ၀င်စတီဗင်ဂျရတ်က ရွေးချယ်ခဲ့ခဲ့ရတာပါ။

ပရိသတ်တွေအားလုံးချစ်ကြတဲ့ လီဗာပူးဂန္ထ၀င်ကစားသမားစတီဗင်ဂျရတ်

တိုက်စစ်မှူး (၂) ယောက်နေရာမှာတော့ ပရီးမီးယားလိဂ်ရဲ့ဂန္ထ၀င်ဂိုးသွင်းမုဆိုးကြီးအွန်နရီနဲ့ မန်ယူဂန္ထ၀င်ကန်တိုနာတို့က ရွေးချယ်ခံခဲ့ရပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးနည်းပြအဖြစ်တော့ မန်ယူဂန္ထ၀င်နည်းပြပြီး ဖာဂူဆန်ကို ရွေးချယ်ခဲ့ပါတယ်။ အားလုံးရဲ့အချစ်တော်ဂန္ထ၀င်တွေ စုဝေးနေတဲ့ ဒီလူစာရင်းကိုတော့ ပရိသတ်တွေအားလုံး သဘောတူကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

ပရိသတ်တွေ မဲပေးရွေးချယ်ခဲ့ကြတဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံးအသင်း

Ref: Sportbible
Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။