ပရိသတ်တွေထင်ထားတာထက် ပိုကြမ်းတဲ့ အိမ်စည်အမိုက်စားသရုပ်ဆောင်ထားတဲ့ Ar T ရဲ့သီချင်းဗီဒီယို

Posted on - Jul 12 []

Myint Myat

စာရေးသူ

လူငယ်​ပရိသတ်​​တွေ အခိုင်​အမာရရှိထားတဲ့ အဆို​တော် Ar T ကတော့ ထူးခြားတဲ့ အသံနဲ့ အမိုက်စားသီချင်းတွေကို ချပြတတ်သူတစ်ဦးမို့ အောင်မြင်မှုတွေများစွာ ပိုင်ဆိုင်ထားတဲ့ အဆိုတော်​တစ်​ဦးပါ။ လတ်​တ​လောမှာ​တော့ Ar T က ​မော်​ဒယ်​ ​ရွှေအိမ်​စည်​ အမိုက်​စား သရုပ်​​ဆောင်​ထားတဲ့ သူ့ရဲ့ သီချင်းသစ်​​လေးတစ်​ပုဒ်​ကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ Ar T ရဲ့ သီချင်းသစ်​ထဲမှာ သရုပ်​​ဆောင်​ထားတဲ့ အိမ်​စည့်​ရဲ့သရုပ်ဆောင်ချက်တွေကတော့ အရမ်းကို လန်း​နေတာပါ​နော်​။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ပရိသတ်တွေထင်ထားတာထက် ပိုမိုက်နေတဲ့ အဆိုတော် Ar T ရဲ့သီချင်းဗီဒီယိုအသစ်လေးကို ဝေမျှပေးလိုက်ပါတယ်နော်။

အဆိုတော် Ar T ရဲ့ "Broken Paradise"သီချင်းဗီဒီယိုထဲမှာတော့ အိမ်စည့်ရဲ့သရုပ်ဆောင်ချက်တွေက ဝါရင့်တစ်ယောက်လို အရမ်းကိုပီပြင်နေတာမို့ ပိုပြီး အသက်ဝင်နေတာပဲ ဖြစ်ပါတယ်။

အဆိုတော် Ar T ကတော့ '"ကျေနပ်ရဲ့လား? စိတ်ရှိလက်ရှိဖြိုရတာ.." ကဲ!! စာသားတွေထိရဲ့လား😊.. Quality ကောင်းတဲ့ music video တွေဘဲကြိုက်တတ်တဲ့ ချစ်ပရိသတ်ကြီးအတွက် AR-T ရဲ့ Broken Paradise လို့ခေါ်တဲ့သီချင်းရဲ့ အမိုက်စား music video အသစ်စက်စက်လေး တင်ပေးလိုက်ပီနော်...ကြိုက်နှစ်သက်တယ်ဆို မကြည့်ရသေးတဲ့သူတွေလည်း ကြည့်လို့ရအောင် ရှဲသွားပေးကြနော်...ဆက်လက်ကြိုးစားပါအုံးမည်။" ဆိုပြီး သူ့ရဲ့သီချင်းဗီဒီယိုအသစ်လေးကို ဝေမျှပေးထားတာပါ။

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ အဆိုတော် Ar T ရဲ့သီချင်းအသစ်

အဆိုတော် Ar-T ကတော့ သီချင်းကောင်းများစွာကို ကိုယ်တိုင်ဖန်တီးပြီး၊ ပရိသတ်တွေကိုချပြလေ့ရှိတဲ့ အဆိုတော်တစ်ဦးဆိုလည်းမမှားပါဘူး။ Ar-Tကတော့ ပြီးခဲ့တဲ့ လပိုင်းလောက်ကလည်း သီချင်းကောင်းတွေ များစွာပါဝင်တဲ့ "Moving Colors " ဆိုတဲ့ သီချင်းခွေလေးကို ထွက်ရှိထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ထင်ထားတာထက်ကို ပိုကြည့်လို့ကောင်းတဲ့​ Ar T ရဲ့"Broken Paradise" သီချင်းဗီဒီယိုလေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Ar T's Facebook Page
Photo;RBV

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။