မင်းလမ်းမုန့်တီဆိုင်ရဲ့ သာကေတဆိုင်ခွဲ ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တဲ့ နေတိုး

Posted on - Jul 12 []

Rowena

စာရေးသူ

ပရိသတ်တွေချစ်တဲ့ မင်းသားချောနေတိုးက ဆယ်ကျော်သက်အရွယ်တည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး အခုချိန်ထိတိုင် အောင်မြင်မှုလမ်းမပေါ်မှာ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်လွန်းတဲ့ နေတိုးကို ပရိသတ်တွေကလည်း ချစ်ကြသလို လုပ်ဖော်ကိုင်ဖက် အနုပညာမောင်နှမများကလည်း ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာတော့ သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ(၁၂) ရက်နေ့မှာတော့ နေတိုးက ရန်ကုန်မြို့ သာကေတမြို့နယ်မှာ ကျင်းပပြုလုပ်တဲ့ မင်းလမ်းမုန့်တီဆိုင်ရဲ့ ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဂုဏ်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။

နေတိုးက မင်းလမ်းမုန့်တီဆိုင်ရဲ့ သာကေတမြို့နယ် ဆိုင်ဖွင့်ပွဲအခမ်းနားမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တဲ့ ပုံရိပ်တွေကို ချစ်ရတဲ့ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

နေတိုးက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး မကြာခင်မှာလည်း "စစ်ကား" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ကျော်ကျော်ဗို၊ ရွှေထူး၊ ထူးအောင်တို့နဲ့ အတူတူ သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။

နေတိုးက လက်ရှိမှာတော့ ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ပေးနေသလို အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ပွဲတက်ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Nay Toe's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။