သမီးလေး Scarlett နဲ့အတူ ကြော်ငြာတစ်ခုရိုက်ကူးထားတဲ့ မြတ်ရတနာကျော်

Posted on - Jul 12 []

Moe Kalay

စာရေးသူ

မြတ်ရတနာကျော် ဟာဆိုရင် ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။သူမက အဆိုတော် ထန်ခေးရဲ့ ချစ်လွမ်းလို့ပါ သီချင်း MV လေးနဲ့ ပရိသတ်တွေရဲ့အားပေးမှုများစွာရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။ မြတ်ရတနာကျော်နဲ့ ခင်ပွန်းအဆိုတော် အာဘွိုင်း တို့မှာ ဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးကို လည်း ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် မြတ်ရတနာကျော် နဲ့ သမီးလေး Scarlett တို့ရဲ့ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မြတ်ရတနာကျော် ရဲ့ သမီးလေး Scarlett က အရမ်းချစ်စရာကောင်းတာ ကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မြတ်ရတနာကျော် တို့က သမီးလေး ရဲ့ ချစ်စရာကောင်း တဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ပေးလေ့ ရှိပါတယ်။

ဒီတစ်ခါမှာတော့ မြတ်ရတနာကျော် ကသူမ နဲ့ သမီးလေး Scarlett တို့ရဲ့ ကြော်ငြာ တစ်ခုမှ ချစ်စရာကောင်းတဲ့ ပုံရိပ်ကလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားတာပါ။

သမီးလေးနဲ့အတူ ချစ်စရာကောင်းနေတဲ့ မြတ်ရတနာကျော် က သူမတို့ပုံရိပ်ကလေးတွေကို ဖေ့စ်ဘွတ်ပေါ်မှာဖော်ပြရင်း " တစ်ရက်တစ်ရက် Scarlett လေးနဲ့ဆော့ရတာ သူနဲ့အတူတူ အချိန်ပေးပီး တူတူကစားရတာ အချိန်တွေဘယ်လိုကုန်သွားမှန်းတောင်မသိဘူး ...ဒါပေမယ့် မြတ်အရမ်းကြိုက်တဲ့ ရုပ်သံလိုင်းအစီစဉ်တွေလည်းအလွတ်မခံဘူးပေါ့ 😁😁ကိုယ့်အကြိုက် Korea series တွေ ,cooking show တွေကို Cookie TV ကနေ အချိန်မရွေး ကြည့်ရင်း ကလေးထိန်းရင်း အဆင်တွေ ပြေပြေပဲ 😎😎Live TV နဲ့ Movie ဆိုပြီး ၂ မျိုးလုံးပါတော့မြတ်က Live TV channels ထဲက အစီအစဉ်တွေကြည့်လိုက် ကလေးထိန်းလိုက် နဲ့ အဆင်ကိုပြေနေရောပဲ" ဆိုပြီး ပြောထားပါတယ်။

မြတ်ရတနာကျော် နဲ့ သမီး Scarlett တို့ရဲ့ ချစ်စရာပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;myat yadanar kyaw

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။