ဘဝကြီးပေးဆပ်နိုင်မှာ မိနဲ့ ဘ တာဝန်တလှည့်စီ ယူနိုင်မှ ကလေးယူပါ ဆိုတဲ့ လှနုထွန်း

Posted on - Jul 12 []

Moe Kalay

စာရေးသူ

မြန်မာအမျိုးသမီးထုကြီးကို အမြင်ကျယ်လာအောင် သူမသိတဲ့ ဗဟုသုတလေးတွေကို ဝေမျှရင်း အောင်မြင်မှုတွေရရှိလာတဲ့ National Director အလှမယ် လှနုထွန်းကတော့ သူမကိုယ်တိုင်လည်း ခင်ပွန်းသည်အပေါ် တာဝန်ကျေအောင် နေထိုင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းရှိတဲ့ စိတ်ဓါတ်ပိုင်ရှင်လေး လှနုထွန်းကတော့ အမုန်းခံရရင်တောင် သူမပြောချင်တဲ့ အကြောင်းအရာကို သေသေချာချာပြောပြတတ်တဲ့သူတစ်ဦးပါပဲနော်။ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် လှနုထွန်းက ဘဝကြီးပေးဆပ်နိုင်မှာ မိနဲ့ ဘ တာဝန်တလှည့်စီ ယူနိုင်မှ ကလေးယူပါ ဆိုတဲ့ အကြောင်းပြောပြထားတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

မကြာသေးခင်က လှနုထွန်းက မိန်းမတွေ အတူမနေချင်တဲ့ ယောကျာ်း ခေါင်းစဉ် နဲ့ ပညာပေးတစ်ချို့ကို ရေးခဲ့တာကြောင့် ယောကျာ်းထုကြီးရဲ့ ဝေဖန်ပြောဆိုခြင်းကို ခံရသလို ၊ sex ကိစ္စပြောဖို့ မရှက်သင့်တဲ့အကြောင်း ကိုယ့်ယောကျာ်းကို တကယ်ချစ်ရင် ကိုယ့်ရဲ့ ကုတင်ကို ကောင်းအောင်ခင်းပါ။ သူများကုတင်ပေါ်ရောက်မှ ငိုမနေနဲ့ ဆိုပြီး ပြောခဲ့တာကြောင့်လည်း လူမှုကွန်ယက်မှာ ဂယက်ထခဲ့တာပဲ ဖြစ်ပါတယ်။

သူမက ပညာပေးအချက်ကလေးတွေကို မျှဝေလေ့ရှိပြီး လတ်တလော လူမှုကွန်ယက်ပေါ်မှာ ဂယက်ထနေတဲ့ သက်ငယ်မုဒိမ်း နဲ့ ပတ်သက်ပြီး မြန်မာတစ်နိုင်ငံအနေနဲ့ စိတ်မကောင်းဖြစ်နေကြတာပါ။ သက်ငယ်မုဒိမ်း ဖြစ်နေတာနဲ့ ပတ်သက်ပြီး လှနုထွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာခုလို ပြောထားပါတယ်။

လှနုထွန်းက " Molested လုပ်ခံရတဲ့ ကလေးတယောက်ဟာ သူ့ မိသားစုကို အထင်သေးလေ့ရှိတယ် သူ့ ကိုယ်သူလည်း အကောင်းမမြင်တော့ဘူး
အပျို လုပျို ဖြစ်လို့ အပျိုရည် လူပျိုရည် ထိန်းသိမ်းဖို့ လာသင်နေရင်လည်း အပိုတွေ တကယ်ဖြစ်တုန်းကတော့ ငါ့နားမရှိပဲနဲ့ များဆိုပြီး နာကျဉ်းကြတယ်
သူ့ ကို မကာကွယ် ပေးခဲ့တဲ့အချိန်တွေ သူတယောက်ထဲ နေခဲ့ရချိန်တွေက အိမ်မက်ဆိုး အဖြစ် တသက်လုံး စွဲသွားတယ် ။ခံရတဲ့ ကလေးတိုင်း ပြန်မပြောတတ်ပါ ဒါပေမယ့် စိတ်ဒဏ်ရာရတာခြင်း တူပါတယ်။ဒါကြောင့် ဘဝကြီးပေးဆပ်နိုင်မှာ မိနဲ့ ဘ တာဝန်တလှည့်စီ ယူနိုင်မှ ကလေးယူပါ " ဆိုပြီး ပြောထားပါတယ်။

လှနုထွန်းက " Molested လုပ်ခံရတဲ့ ကလေးတယောက်ဟာ သူ့ မိသားစုကို အထင်သေးလေ့ရှိတယ် သူ့ ကိုယ်သူလည်း အကောင်းမမြင်တော့ဘူး
အပျို လုပျို ဖြစ်လို့ အပျိုရည် လူပျိုရည် ထိန်းသိမ်းဖို့ လာသင်နေရင်လည်း အပိုတွေ တကယ်ဖြစ်တုန်းကတော့ ငါ့နားမရှိပဲနဲ့ များဆိုပြီး နာကျဉ်းကြတယ်
သူ့ ကို မကာကွယ် ပေးခဲ့တဲ့အချိန်တွေ သူတယောက်ထဲ နေခဲ့ရချိန်တွေက အိမ်မက်ဆိုး အဖြစ် တသက်လုံး စွဲသွားတယ် ။ခံရတဲ့ ကလေးတိုင်း ပြန်မပြောတတ်ပါ ဒါပေမယ့် စိတ်ဒဏ်ရာရတာခြင်း တူပါတယ်။
ဒါကြောင့် ဘဝကြီးပေးဆပ်နိုင်မှာ မိနဲ့ ဘ တာဝန်တလှည့်စီ ယူနိုင်မှ ကလေးယူပါ " ဆိုပြီး ပြောထားပါတယ်။

လှနုထွန်း ပြောပြတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;hla nu tun

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။