ဇာတ်လမ်း ဗီဒီယို အတိုလေးတွေ ရိုက်ကူးသွားမယ် ဆိုတဲ့ ဖွေးစိန်လေး

Posted on - Jul 13 []

May Phyo

စာရေးသူ

ပရိသတ်တွေရဲ့ အချစ်တော် ဖွေးစိန်လေးက KBZPay media experience event ပွဲလေးကို တက်ရောက်ခဲ့ပြီး နောက်ပိုင်းမှာလဲ KBZPay ရဲ့ campaign မှာ ပါဝင်ပြီး KBZPay နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းဗီဒီယို တွေကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဖွေးစိန်ကတော့ ခုလိုတွေ လုပ်ဆောင်ရတော့မယ့်အပေါ် သူမအနေနဲ့ ဂုဏ်ယူတယ်ဆိုတဲ့အကြောင်းလေး ပြောထားပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ ပိုက်ဆံဆုပြီး သူမ ၀ါသနာပါတဲ့ အလုပ်တွေကို လုပ်ဆောင်သွားမယ် ဆိုတဲ့ အကြောင်းကိုလဲ ပြောပြခဲ့ပါတယ်။

KBZpay နဲ့ လက်တွဲဖြစ်တဲ့ အကြောင်းကို “ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ၊ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကြားမှာ ချိတ်ဆက် ပေါင်းစည်းပေးတဲ့ KBZPay ရဲ့ campaign မှာ ပါဝင်ပြီး KBZPay နဲ့ အလုပ်လုပ်ခွင့်ရတဲ့ အတွက် ဖွေးအနေနဲ့ ဂုဏ်ယူမိပါတယ်။ ဖွေး သရုပ်ဆောင်ထားတဲ့ KBZPay နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းဗီဒီယိုကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထုတ်လွှင့်ပြသသွား မှာဖြစ်တဲ့အတွက် ဖွေးရဲ့ Darlings တွေ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး နော်” ဆိုကာ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ပုံလေးတွေနဲ့ အတူရေးသားဖော်ပြခဲ့ပါတယ်။

သူမ ကလက်ရှိ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ပွဲတွေတက်ပြီး ဓာတ်ပုံတွေရိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ဇာတ်ကား တွေကိုတော့ နောက်နှစ်လမှာ ပြန်လည်ကာရိုက်ကူးတော့မှာ ဖြစ်ပြီး သြဂုတ်လ(၁)ရက်နေ့မှာလဲ သူမ ပါဝင် ရိုက်ကူးထားတဲ့ သူစိမ်းအိမ် ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရုံတင်ပြတော့မှာဖြစ်ပါတယ်။ သူမက အနုပညာအလုပ်တွေလုပ်ကိုင်ရင်း သူမ၀ါသနာပါတဲ့ ပရိုဂျူဆာအလုပ်ကို လုပ်ကိုင်ဖို့ ပိုက်ဆံတွေဆုသွားမယ်လို့ လဲ အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

ဖွေးစိန်လေးကိုချစ်တဲ့ ပရိသတ်တွေက KBZ Pay ကရိုက်ကူးလာမယ့် ဇာတ်လမ်းဗီဒီယိုလေးတွေကို စောင့်မျှော်ကြည့်ရှု့ရင်း ရင်ခုန်စိတ် လှုပ်ရှားဖွယ်ရာတွေနဲ့ ပြည့်နက်နေတဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးအတွက်လဲ ဖွေးနဲ့အတူရင်ခုန်ပေးလိုက်ကြပါဦးနော်။ ဖတ်ရှု့ပေးသူတွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source – phway Phway
Photo – amazing grace

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။