အသည်းယားဖို့​ကောင်း​လောက်​​အောင်​ နီးနီးကပ်​ကပ်​ ရိုက်​ကူး​ရေးလုပ်​​နေတဲ့ ပိုင်​တံခွန်​နဲ့ သင်​ဇာဝင့်​​ကျော်

Posted on - Jul 14 []

Myint Myat

စာရေးသူ

ယောက်ျားပီသတဲ့ မျက်နှာကျနဲ့ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ ​မော်​ဒယ်​မင်းသား​ချော​လေး ပိုင်တံခွန်ကတော့ ​နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်​အား​ပေးခြင်းကို ခံထားရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်​က ပုရိသတို့ရဲ့နှလုံးသားလေး သင်ဇာဝင့်ကျော်နဲ့အတူ ရိုက်ကူး​ရေးတစ်​ခု အတူလုပ်​​နေတဲ့ အလန်းစားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ ​တွေ့ရပါတယ်​။ ပိုင်တံခွန်နဲ့ မတ်မတ်သင်ဇာ နှစ်ယောက်လုံးကလည်း ပရိသတ်အသည်းကျော်တွေမို့ အရမ်းကိုကြည့်ကောင်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကိုကြည့်လို့မိုက်တဲ့ မင်းသားချောလေး ပိုင်တံခွန်နဲ့ အလန်းစားမိန်းမပျိုလေး သင်ဇာဝင့်ကျော်တို့ရဲ့အမိုက်စားပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာနဲ့ ပိုင်တံခွန်တို့နှစ်ဦးကတော့ တလောကလည်း Canal + ရဲ့ ဇာတ်​လမ်​​တွေ အတူရိုက်​ကူးရင်း တစ်​ဦးနဲ့တစ်​ဦး ခင်​မင်​ရင်းနှီးသွာကြတာပါ။

ပရိသတ်​​တွေ အသည်းယားသွား​စေ​လောက်​တဲ့ ပိုင်​တံခွန်​နဲ့ မတ်​မတ်​သင်​ဇာတို့ရဲ့ ဗီဒီိယို

ပိုင်တံခွန်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာတွေ့ရပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်အချစ်ေ​​တာ် မတ်မတ်သင်ဇာကလည်း လက်ရှိမှာ Single တစ်ဦးအနေနဲ့ ပရိသတ်တွေကိုပဲ အပြည့်အဝအာရုံစိုက်ဖြစ်နေတာပါ။ သင်ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်တို့နှစ်ဦးကတော့ တလောကလဲ "သူ ဘယ်သူလဲ" ဇာတ်ကားကို အတူတွဲပြီး ရိုက်ကူးထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို လိုက်ဖက်ညီပြီး ကြည့်ကောင်းလွန်းနေတဲ့ ပိုင်​တံခွန်​နဲ့ သင်ဇာလေးတို့ရဲ့ ပုံရိပ်တွေကိုသ​​ဘောကျရင်​ အချင်းချင်း ​ဝေမျှသွားကြပါဦး​နော်​။

Myint Myat
Source;Thinzar Wint Kyaw's Instagram

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။