ကြိမ်နှုန်း သွားကြည့်ရင်း ကြောက်တတ်တဲ့ သူမကို ခင်ပွန်းက လှန့်လို့ သေမလောက်ကြောက်ခဲ့ ရတဲ့အကြောင်းပြောလာတဲ့ ပိုင်ဖြိုးသု

Posted on - Jul 14 []

Moe Kalay

စာရေးသူ

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ နှစ်ဦးကတော့ အနုပညာကို ချစ်မြတ်နိုးကြတာခြင်း တူသူတွေမို့ ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူ လျှောက်လှမ်းနေကြတာပါ။ သူမတို့က လက်ထပ်ပွဲကို ကြီးကျယ် ခန်းနားစွာ ဆင်နွှဲခဲ့တာပါ။ဒါရိုက်တာနဲ့ မင်းသမီးစုံတွဲလေးကတော့ အရမ်းကို လိုက်ဖက်ညီပြီး ချစ်စရာကောင်းလွန်းတာမို့ ပရိသတ်တွေကလည်း အချစ်ပိုနေကြရတာပါနော်။

ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်တွေအတွက် ပိုင်ဖြိုးသုက ခင်ပွန်းဖြစ်သူနဲ့ ကြိမ်နှုန်း ရုပ်ရှင်သွားကြည့်ရင်း သရဲကြောက်တဲ့ သူမကို ခင်ပွန်းက ခြောက်လှန့်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ပိုင်ဖြိုးသုက "Frequency'ကြိမ်နှုန်း'ရုပ်ရှင်သွား‌ကြောက်(အဲလေ)သွားကြည့်တုန်းက😅သူများတွေများသူတို့ ကိုကိုတွေနဲ့သရဲကားကြည့်ရင် 'ကိုကိုခေး‌ကြောက်တယ်' 'မ‌ကြောက်နဲ့ခေး ကိုကိုရှိတယ်' ဘာညာနဲ့ဖက်ပေးထားရတာနဲ့ဘာနဲ့ သာယာကြတာ....😁ဒေါ်သုများ ဦးရေခဲနဲ့သရဲကားအတူကြည့်ရင် ရုပ်ရှင်ထဲကသရဲက‌ခြောက်တာတစ်မျိုး ဘေးကဦးရေခဲကလှန့်တာတစ်မျိုးနဲ့ ရုံထဲမှာသေမလို‌ကြောက်ရတာချည်းပဲ....အဲ့လိုလူကြီးမျိုးဆိုရင်တော့ အစောထဲကခေါ်မသွားနဲ့ တစ်ယောက်ထဲသာအရဲစွန့်သွားကြည့်ကြပါလို့...😅😅😅ဓါတ်ပုံလေးတွေကရုပ်ရှင်မစခင်ရိုက်ထားတာမို့ ပြုံးပျော်နေကြတာ...
ရုံထဲကထွက်လာတာအဲ့ရုပ်တွေမဟုတ်တော့ဘူးလို့....😂" ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသု က ကြိမ်နှုန်းရုပ်ရှင်ဇာတ်ကားကြည့်ရင်း သရဲကြောက်ရတာနဲ့ ခင်ပွန်းကလှန့်တာက တစ်မျိုး သေမလောက် ကြောက်ခဲ့ရတယ်လို့ ပြောထားတာပါ။

ပိုင်ဖြိုးသု တို့ဇနီးမောင်နှံ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

သရုပ်ဆောင် ပိုင်ဖြိုးသု တို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;paing phyo thu

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။