မျက်စိတစ်မှိတ်အတွင်းမှာတင် အရွယ်ရောက်လာကြတဲ့ Daehan, Minguk, Manse

Posted on - Jul 15 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ မင်းသား Song Il Kook ကိုတော့ မြန်မာပရိသတ်တွေက "ဂျူမုံ" လို့ အသိများကြတဲ့အပြင် ချစ်စရာအရမ်းကောင်းတဲ့ သားယောကျာ်းလေး အမြွှာ (၃) ယောက်ရဲ့ ဖေဖေအဖြစ်လည်း အသိများကြပါတယ်။ Return of Superman အစီအစဉ်ကနေတဆင့် ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ Song Daehan, Song Minguk, Song Manse ဆိုတဲ့ အမြွှာလေး (၃) ယောက်ရဲ့ ချစ်စရာကောင်းမှု၊ သိတတ်နားလည်မှုနဲ့ လိမ္မာယဉ်ကျေးမှုတွေဟာ ကြည့်ရှုသူပရိသတ်တွေကို အသည်းတယားယားဖြစ်စေခဲ့ပြီး အချစ်စိတ်တွေတိုးစေခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဇူလိုင်လမှာစတင်ပြီး အစီအစဉ်မှာ ဖခင်ဖြစ်သူနဲ့အတူ ပါဝင်ခဲ့တဲ့သူတို့လေးတွေဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတော့ အစီအစဉ်ကနေ နှုတ်ဆက်ထွက်ခွာခဲ့ကြပါတယ်။ ၂ နှစ်နီးပါးမျှ ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ သူတို့လေးတွေဟာ တောင်ကိုရီးယားပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်အားပေးခြင်းကိုရရှိခဲ့ယုံသာမက နိုင်ငံတကာက ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းလည်းရရှိခဲ့သူတွေဖြစ်ပါတယ်။

အစီအစဉ်ကနေ ထွက်ခွာခြဲ့ပီးတဲ့နောက်မှာလည်း ပရိသတ်တွေဟာ သူတို့လေးတွေကို မေ့လို့မရသေးတာကြောင့် Song Il-kook က အင်စတာဂရမ်အကောင့်တစ်ခုဖွင့်ပြီး သားဖြစ်သူတွေရဲ့ ပုံရိပ်လေးတွေကို အလျဉ်းသင့်သလိုတင်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကဆိုရင်လည်း အမြွှာညီအစ်ကို (၃) ယောက်ရဲ့ ပုံအသစ်လေးတစ်ပုံကို တင်ပေးခဲ့ပြန်ပါသေးတယ်။

ဆိုးလ်မြို့ရှိ ဟိုတယ်တစ်ခုက Lobby ခန်းမဆောင်မှာ တစ်ဝမ်းကွဲညီမလေးနဲ့အတူ ရိုက်ကူးထားတဲ့ အမြွှာ ၃ ယောက်ရဲ့ ပုံစံတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်တုန်းက ပရိသတ်တွေသိခဲ့တဲ့ ချစ်စရာကလေးလေးတွေအဖြစ်ကနေ အစ်ကိုကြီးဆန်ချင်ကြတဲ့ ကောင်လေးတွေအဖြစ် အရွယ်ရောက်ပြောင်းလဲလာတာကို တွေ့ရပါတယ်။

ပရိသတ်တို့ရဲ့ အချစ်တော်လေးတွေဖြစ်ကြတဲ့ အမြွှာလေး ၃ ယောက်ကတော့ တကယ်ကို မျက်စိတစ်မှိတ်အတွင်းမှာတင် အရွယ်ရောက်ကြီးပြင်းလာကြတာပဲနော်။ Daehan, Minguk, Manse တို့ ညီအစ်ကိုချစ်ကြတဲ့ ပရိသတ်ကြီးများရှိကြတယ်ဆိုရင် တခြားသောပရိသတ်တွေသိရအောင် မျှဝေပေးလိုက်ကြပါဦး။

Source : Song Il Gook's IG
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။