တူမချောလေးနဲ့ ပထမဦးဆုံးသွားတွေ့ခဲ့တဲ့ တီတီလေး စိုးပြည့်သဇင်

Posted on - Jul 15 []

Myint Myat

စာရေးသူ

အဆိုတော် သရုပ်ဆောင် စန္ဒီမြင့်လွင်ရဲ့ပထမဦးဆုံး ရင်သွေးလေးဖြစ်တဲ့ ထရက်ရှာကိုတော့ မနေ့က ဇူလိုင်လ (၁၄)ရက်နေ့၊ တနင်္ဂနွေနေ့လေးမှာ မွေးဖွားသန့်စင်ခဲ့တာပါ။ စန္ဒီမြင့်လွင်ရဲ့သမီးချောလေး ထရက်ရှာကိုတော့ မိဘနှစ်ပါးသာမက နှစ်ဖက်သော ဆွေမျိုးတွေကလည်း တစိမ့်စိမ့်ကြည့်ပြီး ချစ်မဝဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ တီတီလေး စိုးပြည့်သဇင်ကလည်း အရမ်းကို ချစ်စရာကောင်းတဲ့ တူမလေးကို ပထမဦးဆုံးအကြိမ် သွားတွေ့ခဲ့တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဖေနဲ့ရော အမေနဲ့ပါတူတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးကတော့ ချစ်တတ်လွန်းတဲ့ အဒေါ်တွေရဲ့အသည်းကျော်မင်းသမီးလေး ဖြစ်လာဦးမှာလည်း မလွဲမသွေပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ တူမလေးကို သွားတွေ့ခဲ့တဲ့ တီတီချောချောလေး စိုးပြည့်သဇင်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

စိုးပြည့်သဇင်ကတော့ "တူမချောလေးနဲ့ပထမဦးဆုံးတွေ့ဆုံခြင်း...😘😘" ဆိုပြီး သူမတို့ တူဝရီးတွေရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ သမီးလေး ထရက်ရှာကလည်း မေမေစန္ဒီမြင့်လွင်ရဲ့နှုတ်ခမ်းလှလှလေးကို အပိုင်ရထားသူလေးပါပဲနော်။

သမီးလေးကလည်း ကျန်းမာတဲ့အပြင် မေမေ စန္ဒီမြင့်လွင်ကလည်း ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ပါပဲနော်။ သမီးလေး ထရက်ရှာက ချစ်စရာကောင်းပြီး ၆ပေါင် ရှိတယ်လို့ သိရပါတယ်။

စန္ဒီမြင့်လွင် က ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သမီးမိန်းကလေး အရမ်းလိုချင်တဲ့ စန္ဒီမြင့်လွင်ကတော့ သမီးလေး လူ့လောကထဲ ရောက်မလာခင်ကတည်းက ချစ်စရာကောင်းတဲ့ အခန်းလေးကို ကြိုတင်ပြင်ဆင်ထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တူမလေးကို သဲသဲလှုပ်ချစ်တဲ့ တီတီလေး စိုးပြည့်သဇင်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Soe Pyae Thazin's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။