အိမ်ရှင်မတစ်ယောက်အနေနဲ့ ကြောက်စရာ အဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရတဲ့ သက်မွန်မြင့်
Rowena
စာရေးသူ
နိုင်ငံကျော် အကယ်ဒမီ မင်းသမီးဖြစ်တဲ့ သက်မွန်မြင့်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိသားစုလေးကို အချိန်ပေးဂရုစိုက်နေတာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေရိုက်နေသလို အိမ်ထောင်မှုတာဝန်တွေလည်း မလစ်ဟင်းတဲ့ သက်မွန်မြင့်က ဒီတစ်ခေါက်မှာတော့ အိမ်ရှင်မတွေကို သူမ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုနဲ့ သတိပေးထားတာကို တွေ့ရပါတယ်။

သက်မွန်မြင့်က "မိခင်တစ်ယောက်အနေနဲ့ မျှဝေခြင်းပါ။ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့စိတ်မရှိပါဘူးရှင်။ သတိထားရအောင်လို့ပါနော်။ အားချစ်လေးက စားချင်တယ်ဆိုလို့ ဝယ်ပေးမယ် ယူလိုက်ဆိုတော့ ယူလာတယ်။ ဒီတိုင်းမထည့်ပဲ စစ်မိလို့ပေါ့..မှိုဖြစ်နေပြီ အသီးက ပုံထဲကဟာက သပ်သပ်.. ယူလာတဲ့ဟာက မှိုရှိရုံ.. လန့်ပြီး တခြားဟာရှာမိတော့ ပိုဆိုး.. ပုံထဲကဟာဆို မှိုတောင် တော်တော်ရှည်နေပြီ!😱😱😱"

"အရမ်းစိတ်ပူသွားတယ်။ ဒါ မရောင်းသင့်တော့ဘူးလေ။ ဒါ အန္တရာယ် ဖြစ်နေပြီ။ အသီးလေးတွေ ရွေးခွင့်ပေးတဲ့ နေရာတွေရှိတယ်။ နေရာကွာခြားမှုပေါ်မူတည်ပြီး အသီးလတ်တာ သိပ်ကွာတာပဲ.. စိတ်တောင်မကောင်းဘူး😞😞😞 ကလေးအမေဖြစ်ပြီးနောက်ပိုင်း ဈေးတအားဝယ်ဖြစ်တော့ သိနေပြီလေ😁

"ဟိုးးးးအရင် အားချစ် ၁ နှစ်ခွဲ ၂နှစ် တုန်းကလည်း တခါ! Cheese အခဲ.. ကလေးတွေကြိုက်တဲ့ တြိဂံပုံ! ဝယ်နေကျ တံဆိပ်မဟုတ်တော့ တခြားကောင်းမယ်ထင်တာ ယူလာတာ။ အိမ်မှာ သူ့ဟာသူ ရေခဲသေတ္တာထဲက ယူစားတာ။ သူ့ကို ခွာနည်းသင်ပေးထားတော့ သူ့ဟာသူ ခွာစားပေါ့။ ကိုယ်က ရှုတင်တွက်ပြင်ဆင် အလုပ်ရှုပ်နေတုန်းဆိုတော့ မကြည့်မိဘူး.. နောက်တော့ မေမေရော့ဆိုပြီး လက်ထဲလာထည့်.. အားချစ်မစားချင်တော့ဘူးတဲ့.. ကိုယ်လည်း မကြည့်ပဲ ပါးစပ်ထဲထည့်ပေါ့.. မာနေရော.. ဟဲ့ cheese က ဘာလို့ အဲ့လောက်မာတုန်းဆိုင်္ပြး ပြန်ထွေးတော့..အလားးးးး"

" ခေါင်းကြီးပြီး ထူပူသွားတာ.. မှိုဆွဲပြီး ခဲတာ.. အစိမ်းရောင်တွေရော အမဲရောင်တွေရော..အဲ့မှာ အားချစ် ဘယ်လောက်တောင်စားလိုက်ပြီလဲမသိ.. ဒါမာလို့ သူ မစားနိုင်လို့ပေးတာ.. တချို့ မျိုချပြီးလောက်ပြီ။ အဲ့ချိန် စိတ်ပူ ရင်တွေပူ.. အဖေ့ဆီ ပြေးရတယ်။ အန်မအန်စောင့်ကြည့်ဆိုလို့ တော်သေးတယ် ဘာမှ မဖြစ်လို့."

"ဝယ်လာတာ မကြာဘူးလေ. မနေ့တနေ့က ဝယ်တာ။ အဲ့တုန်းက မီးမှ မပျက်တာ။ ကိုယ့်ဆီမှာ အဲ့လောက်ပျက်စီးစရာအကြောင်းမရှိ.. expire date ကြည့်ခဲ့တာ လိုသေးတယ်။ ဘယ်လိုလဲ နားမလည်တော့ပါဘူး။ ခုလည်းကြုံပြန်ပြီ.. ဂရုစိုက်ကြပါနော်။ သတိထားရအောင် မျှဝေတာပါ။ ဆိုင်ရော စားသုံးသူတွေရော သတိထားစေလိုပါတယ်ရှင်.. 🙏🏻🙏🏻🙏🏻" ဆိုပြီး မျှဝေထားပါတယ်။

ဘယ်အစားအသောက်ပဲဖြစ်ြ့ဖစ် သေသေချာချာ စိစစ်ပြီး သန့်သန့်ရှင်းရှင်းလေးစားတာ အကောင်းဆုံးပါပဲနော်။ မိုမိုလေး ပရိသတ်ကြီးလည်း သတိထားပြီး စားသုံးနိုင်ကြပါလို့ သတိပေးလိုက်ရပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Thet Mon Myint's fb
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

တစ်ခါမှ ချစ်သူရည်းစား မထားခဲ့ဖူးတဲ့ မိန်းကလေးမှန်း သိသာစေတဲ့ အချက်များ
Dec 10 2019 (35647 views)

လူမှုကွန်ယက်မှာနာမည်ကြီးသွားခဲ့တဲ့ အနုပညာကြေးပြဿနာက နားလည်မှုလွဲသွားခဲ့တာပါဆိုတဲ့ ကေသီဝင်းနဲ့ မာမာနိုင်
Dec 10 2019 (33955 views)

မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ မျက်နှာကို ပြသလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်
Dec 11 2019 (10914 views)

ဆာလတ်ဂိုးသွင်းပြီးချိန်မှာ ပြင်းပြင်းထန်ထန် ဒေါသပေါက်ကွဲခဲ့တဲ့ ဟာလန်းရဲ့လုပ်ရပ်
Dec 11 2019 (19265 views)

အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ လုံးဝရင်သပ်ရှုမောဖွယ်ရာကောင်းလွန်းတဲ့ ဆာလတ်ရဲ့ အမိုက်စားဂိုး
Dec 11 2019 (12442 views)

ရင်ဆိုင်ခဲ့ရဖူးသမျှထဲမှာ အခက်ခဲဆုံးပြိုင်ဘက်ကို ဖွင့်ဟခဲ့တဲ့ ပေါ့ဂ်ဘာ
Dec 11 2019 (4093 views)

ဇနီးဖြစ်သူအတွက် Romantic အဆန်ဆုံး မွေးနေ့လက်ဆောင်ကိုပေးခဲ့တဲ့ လွင်မိုး
Dec 11 2019 (4511 views)

ချစ်ကြိုက်နေကြပါတယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့မှုအပေါ် ပထမဆုံးအကြိမ်ဖွင့်ဟလာကြတဲ့ Hyun Bin နဲ့ Son Ye Jin
Dec 11 2019 (4304 views)