ရင်ဘက်ခြင်းတူတဲ့သူတွေ ရိုက်ကူးနေတဲ့ “ ငါတို့သည်” ရုပ်ရှင်ဇာတ်ကားကြီး

Posted on - Jul 15 []

May Phyo

စာရေးသူ

ပရိသတ် ရဲ့ အချစ်တော် တွေဖြစ်ကြတဲ့ အလင်းရောင်၊ တိုင်ရွန်၊ နေရဲ ၊ ရှင်းမြတ် တို့ကို တစ်စုတစ်စည်းထဲ ရုပ်ရှင်ကားတစ်ကားမှာ တွေ့မြင်ရမှာပါ။ သူတို့တွေကိုတစ်စုတစ်စည်းထဲတွေ့မြင်ရဖို့ဆိုတာ ရှားပါးပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေကို တစ်ပြိုင်လိုက်အားပေးရတော့မှာဖြစ်လို့ ဒီရုပ်ရှင်ဇာတ်ကားကြီးကို အရမ်းတွေ ကြည့်ချင်နေကြမယ်ထင်ပါတယ်။ သူတို့ရိုက်ကူးနေတဲ့ ရုပ်ရှင် ဇာတ်ကားကြီးက “ငါတို့သည်” ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး အဲ့ဒီဇာတ်ကားကို ဒါရိုက်တာ စတီး (ဒွေးမေတ္တာ) ကရိုက်ကူးနေတာဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာစတီးက အထက်မင်းလှဘက်မှာ ၁၉၈၅ ခုနှစ်လောက်က ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာ တစ်ခုကိုဇာတ်အိမ်ဖွဲ့ပြီး ရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။ သူရဲ့ အဓိကရည်ရွယ်ချက်ကလဲ ငါတို့သည် ငါတို့ တိုင်းပြည်ကို ချစ်မြတ်နိုးရမည်။ ငါတို့သည် ငါတို့ရဲ့တော၊ တောင် ၊ ရေမြေ သယံဇာတတွေကို အသက်စွန့်၍ကာကွယ်ပါမည်။ ငါတို့သည် ငါတို့တိုင်းပြည်ကို သစ္စာရှိရမည် စတဲ့ အချက် ၃ချက်ကို ကို ဦးစားပေးရိုက်ကူးထားတာဖြစ်ပြီး ဒီအချက်တွေကို နိုင်ငံသားတိုင်း အားလုံးလိုက်နာသင့်တယ်လို့လဲ ဒါရိုက်တာ စတီးက ဆိုထားပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကို ပြင်ဦးလွင်မှာရိုက်ကူးနေပြီး မင်းသားတွေက ဆံပင်အရှည်တွေနဲ့ မဲသဲနေအောင် ရုပ်လေးတွေနဲ့ ဇာတ်ရုပ်ပီပြင်အောင် ရိုက်ကူးနေတာဘဲဖြစ်ပါတယ်။ အဆိုပါ ရိုက်ကွင်းပုံရိပ်တွေကို အနုပညာရှင်တစ်ချို့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ တွေ့မြင်ခဲ့ရပါတယ်။ အဲ့ဒီပုံရိပ်တွေကို ချစ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ယူတို့ idol တွေကိုမှတ်မိကြရဲ့လား ၊၊ ဇာတ်ရုပ်တွေက တော့ တော်တော်ပီပြင်နေကြပါပြီနော်။ ငါတို့သည် ရုပ်ရှင်ဇာတ်ကားကြီးကို အလင်းရောင်၊ ခါရာ၊ထွန်းကိုကို၊ထူးခြား၊တိုင်ရွန်၊ နေရဲ၊ သိန်းလင်း ၊ အုပ်သာကျော်၊ သျှင်းမြတ်၊ ရွှေသမီး၊ ရွှေပိုးအိမ် ၊ လမင်းကဗျာ တို့နဲ့အတူအခြားသောအနုပညာရှင်များ စွာလဲပါဝင်ရိုက်ကူးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source – Ko Htin Kyaw၊ Tyron Bejay

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။