BLACKPINK အဖွဲ့ဝင်တွေကို အနီးကပ်ကြီး မြင်လိုက်ရလို့ ပြောမပြတတ်အောင် ပျော်နေတဲ့ မိကွန်ထော

Posted on - Jul 15 []

Myint Myat

စာရေးသူ

ကိုရီးယားနိုင်ငံရဲ့အအောင်မြင်ဆုံးသော မိန်းကလေး အဖွဲ့တစ်ခုလို့ ပြောလို့ရတဲ့ BLACKPINK အဖွဲ့ကတော့ ကိုရီးယားတစ်နိုင်ငံတည်းသာမကပဲ ကမ္ဘာနဲ့ချီပြီး အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ Black Pink အဖွဲ့ရဲ့အမာခံဖန်တစ်ဦးဖြစ်တဲ့ ချစ်စရာကောင်မလေး မိကွန်ထောက ဘန်ကောက်မှာ ကျင်းပပြုလုပ်နေတဲ့ BLACKPINK Concert ကို သွားရောက်အားပေးခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ BLACKPINK အဖွဲ့ရဲ့Concert မှာ Blink တစ်ဦးအနေနဲ့ အနီးကပ်ကြီး အားပေးခွင့်ရခဲ့တဲ့ မိကွန်ထောလေးကတော့ အရမ်းကို ကံကောင်းလွန်းပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းတဲ့ BLACKPINK အဖွဲ့ဝင်တွေကို အနီးကပ်မြင်တွေ့လိုက်ရလို့ ပြောမပြတတ်အောင် ဝမ်းသာနေတဲ့ မိကွန်ထောလေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိကွန်ထောကတော့ "Can’t describe how I was feeling 💕✨ BlackPink in Your Area BKK Encore 2019" ဆိုပြီး ပြောမပြတတ်အောင် ပျော်ရွှင်နေတဲ့ သူမရဲ့ခံစားချက်တွေကို ထုတ်ပြောထားတာပါ။

Blink တွေ အားကျသွားစေမယ့် မိကွန်ထော ရိုက်ကူးထားတဲ့ Fancam ဗီဒီယို

ကိုယ်ကိုယ်တိုင် အားကျချစ်ခင်ရတဲ့ Idol တွေကို အနီးကပ်တွေ့မြင်ပြီး အားပေးခွင့်ရဖို့ဆိုတာ လူတိုင်းလိုချင်ကြတဲ့ ကံကောင်းမှုတစ်ခုပါပဲ။ BLACKPINK ကို အရမ်းချစ်ပေမယ့်လည်း အခွင့်မသာသေးလို့ ကြည့်ခွင့်မရတဲ့ Blink လေးတွေလည်း အမြန်ဆုံး အနီးကပ်အားပေးခွင့်ရဖို့ ဆုတောင်းပေးလိုက်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း BLACKPINK အဖွဲ့ဝင်တစ်ယောက်ချင်းစီကို သေသေချာချာ အနီးကပ်မြင်တွေ့ အားပေးခွင့်ရလိုက်တဲ့ ကံကောင်းသူလေး မိကွန်ထောကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Mikon Htaw's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။