မန်ယူကစားသမားတွေနဲ့အတူ ညစာစားခွင့်ရမယ့် မဟာအခွင့်အရေးကို ရရှိခဲ့တဲ့ နေ၀င်း

Posted on - Jul 15 []

Gunner Ksr

စာရေးသူ

ကိုယ်ရူးသွပ်စွဲလန်းတဲ့ ဘောလုံးသမားတွေကို အပြင်မှာမျက်ဝါးထင်ထင်တွေ့ဆုံခွင့်ရဖို့ဆိုတာ ဘောလုံးပရိသတ်တိုင်း မက်နေကြတဲ့အိပ်မက်တစ်ခုပါပဲ။ Snare အဖွဲ့ဝင် နေ၀င်းကတော့ အဲဒီလိုအခွင့်အရေးမျိုးကို လက်ဝယ်ပိုင်ဆိုင်ထားခဲ့ပြီပဲဖြစ်ပါတယ်။ နေ၀င်းဟာ စင်ကာပူနိုင်ငံမှာ International Champions Cup အဖြစ် ယှဉ်ပြိုင်ကစားမယ့် မန်ယူအသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ပွဲစဉ်ကို သွားရောက်ကြည့်ရှုခွင့်ရမှာပဲ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ပွဲပြီးသွားရင်လည်း နေ၀င်းဟာ Manchester Unitedရဲ့ Global Spirits Partner ဖြစ်တဲ့ Chivas Regal ရဲ့ဖိတ်ခေါ်မှုနဲ့ ကမ္ဘာကျော်စူပါစတားတွေနဲ့ အတူတူ ညစာစားခွင့်ကိုပါ ရရှိဦးမှာပါ။

မန်ယူအသင်းရဲ့ အဲဒီခရီးစဉ်မှာ ပေါ့ဂ်ဘာ၊ လင်ဂတ်၊ ရက်ဖို့ဒ်၊ မာရှယ်လ်၊ ဒီဂီယာ၊ မာတစ်၊ စမောလင်း အစရှိတဲ့ ကမ္ဘာကျော်ဘောလုံးကြယ်ပွင့်တွေ အစုံအလင်ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ကမ္ဘာကျော်ကြယ်ပွင့်တွေနဲ့ ညစာအတူစားခွင့်ရမယ့်အတွက် နေ၀င်းတစ်ယောက်အလွန်ပျော်ရွင်နေမယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။

ဒါကြောင့်လည်း နေ၀င်းဟာ လှုမှုကွန်ရက်ကနေ "Hey Yo !! ပရိတ်သတ်တွေထဲ မန်ယူဖန်တွေ ရှိကြလား…. ကိုကြီး နေကြီး ဝင်းကြီးကတော့ Manchester United နဲ့ Inter Milan ဆုံကြမယ့် International Champions Cup ကို သွားအားပေးဖို့ အဆင်သင့်ဖြစ်နေပြီ။ Manchester Unitedရဲ့ Global Spirits Partner ဖြစ်တဲ့ Chivas Regal ရဲ့ဖိတ်ခေါ်မှုကြောင့် ကစားသမားတွေနဲ့ပါ ညစာအတူစားရမှာ။ ဘာမှတ်"ဆိုပြီး ရေးသားသွားခဲ့ပါတယ်။

ကမ္ဘာကျော်ဘောလုံးစတားတွေနဲ့ နီးစပ်စွာ ညစာစားခွင့်ရတော့မယ့်အတွက် နေ၀င်းရဲ့ရင်ခုန်သံတွေ ဘယ်လောက်တောင်ဗလောင်ဆူနေလိုက်မလဲ။ အားလုံးမက်နေကြတဲ့ အိပ်မက်ကို နေ၀င်းတစ်ယောက် ကံထူးစွာနဲ့ ရရှိခဲ့တယ်လို့ပဲ ဆိုရမှာပါ။

Source: Nay Win Facebook
Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။