National Director ဒေါ်စိုးယုဝေ ရဲ့ ခင်ပွန်း ကွယ်လွန်

Posted on - Jul 15 []

Q Kyue Ko

စာရေးသူ

အလှမယ်ပြိုင်ပွဲတွေများစွာပြုလုပ်ခဲ့ပြီး လက်ရှိချိန်ထိ မြန်မာနိုင်ငံမှ အလှမယ်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ Miss Universe Myanmar Organization ရဲ့ National Director တစ်ဦးဖြစ်တဲ့ ဒေါ်စိုးယုဝေ ဟာ ခင်ပွန်းဖြစ်သူ ဦးတင်မောင်အေး ကို ယနေ့ မြန်မာစံတော်ချိန် ၅နာရီ နဲ့ ၃၇ မိနစ်မှာ အပြီးတိုင် စွန့်လွှတ်ခွဲခွာလိုက်ရပါပြီ ။ သူမ ရဲ့ ခင်ပွန်းဖြစ်သူ ဟာ စင်ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်စိုးယုဝေရဲ့ ခင်ပွန်းဖြစ်သူဟာ ဇွန်လ ၂၃ရက်နေ့အထိ ဖေ့စ်ဘုတ်အသုံးပြုနေ သေးတယ်လို့ ယူဆရပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ သူတင်ထားတဲ့ ပို့စ်တွေကို မတွေ့မြင်ရတော့ပါဘူး ။ သူက မိန်းမဖြစ်သူ ဒေါ်စိုးယုဝေ ရဲ့ 7th Miss Universe Myanmar ပြိုင်ပွဲကြီးအတွက် ဂုဏ်ပြုစကားတောင်ဆိုခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဇနီးမောင်နှံရဲ့ ပုံရိပ်တွေကို မတွေ့မြင်ရတော့ဘဲ ယနေ့မှာတော့ ကွယ်လွန်သွားပြီဆိုတဲ့သတင်းကြားသိခဲ့ရတာကြောင့် မိသားစု နဲ့ ထပ်တူထပ်မျှစိတ်မကောင်းဖြစ်ရပါတယ်။

ဒေါ်စိုးယုဝေရဲ့ ခင်ပွန်းဖြစ်သူ ဦးတင်မောင်အေးဟာ ယနေ့ ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့ စင်္ကာပူစံတော်ချိန် ၇နာရီ ၇မိနစ် (မြန်မာစံတော်ချိန် ၅နာရီ ၃၇ မိနစ်) မှာ ကွယ်လွန်ခဲ့တာဖြစ်လို့ ရုပ်အလောင်းဟာ စင်ကာပူနိုင်ငံမှာသာရှိနေပြီး မနက်ဖြန် ဇူလိုင်လ ၁၆၇က်နေ့မှာတော့ ရန်ကုန်ကို ပြန်လည်သယ်ဆောင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ သင်္ဂြိုလ်မယ့် နေ့ရက်နဲ့ အချိန်ကိုတော့ ပြန်လည်ကြေညာပေးသွားမယ်လို့လဲ သိရပါတယ်။

ကွယ်လွန်သူ ကိုတင်မောင်အေး ကို ကောင်ရာဘုံဘ၀သို့ ရောက်ရှိပါစေဆိုပြီး ဆုမွန်ကောင်းတောင်းပေးကြပါဦးနော်။ အဲ့ဒီနောက်မှာ တော့ ခင်ပွန်းဖြစ်သူကွယ်လွန်သွားလို့ ပူဆွေးသောကရောက်နေတဲ့ ဒေါ်စိုးယုဝေအတွက် အားပေး စကားဆိုခဲ့ကြပါဦး။

ဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo (MML)
Source - Ronnie Nyein’sfb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။