လောကကြီးကထွက်ခွါသွားတဲ့ ချစ်သူနဲ့ သူမ အကြောင်းပုံဖော်ထားတဲ့ နီလန်း ရဲ့"ရူးတော့မယ်"MV

Posted on - Jul 16 []

Moe Kalay

စာရေးသူ

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦး ဖြစ်တဲ့ အဆိုတော် နီလန်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုရှင် တစ်ဦးပါ။ ပြိုင်ပွဲဝင်ခဲ့ စဉ်က သူမ ရဲ့ကောင်းလွန်းလှတဲ့ အသံပါဝါနဲ့ ချောမောလှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားပြီပဲဖြစ်ပါတယ်။ သူမက ပြိုင်ပွဲပြီးဆုံချိန်မှစပြီး နယ်ပွဲများမှာ သွားရောက်ဖျော်ဖြေနေရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ချစ်ပရိသတ်တွေ နီလန်းရဲ့သီချင်း Video လေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

နီလန်းက " ပျော်ပါတော့ " ဆိုတဲ့ သီချင်း MV လေးကို ထွက်ရှိထားတာ ဖြစ်ပြီး သူမရဲ့အသဲကွဲ သီချင်းလေးက ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တာပါ။ဒီတစ်ခါမှာလည်း လောကကြီးကထွက်ခွါသွားတဲ့ ချစ်သူနဲ့ သူမ အကြောင်းပုံဖော်ထားတဲ့ " ရူးတော့မယ် " MV လေးကို ပရိသတ်တွေအတွက် မျှဝေလိုက်ပါတယ်။

နီလန်းက " ပထမဦးဆုံးအနေနဲ့ ဒီသီချင်းလေးကို Nilen နေရာကနေ အငှားခံစားပြီး နားဆင်ပေးပါ။(တစ်ခုခုတော့ ကျန်ခဲ့မှာပါ)ကိုယ့်ချစ်သူ အသက်ရှင်နေတုန်း।ကိုယ့်ဘေးမှာရှိနေတုန်း တန်ဖိုးထားပေးပါ။သစ္စာရှိရှိချစ်ပေးပါ။-ကိုယ့်မှာရှိတဲ့အချစ်တွေ အကုန်လုံးပေးပြီး အပြည့်အဝချစ်ပေးလိုက်ပါ။ချစ်သူကို ပျော်အောင်ထားပါ။(ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး)သူ့ကို တကယ်ချစ်ရင် သွားခွင့်မပြုပါနဲ့။လက်လွှတ်ဆုံးရှုံးမခံပါနဲ့။သူ့လက်ကိုမြဲအောင်ဆွဲထားပါ။Nilen ကတော့ သူ့လက်ကိုဆွဲထားချင်ခဲ့ပေမယ့် သူ့ဘေးနားမှာမရှိနိုင်ခဲ့လို့ သူ့ရဲ့နောက်ဆုံးခရီးတောင်တွေ့ခွင့်မရခဲ့ဘူး။လူတိုင်းလူတိုင်း Nilen လို ဖြစ်ရပ်မျိုးနဲ့ မကြုံရပါစေနဲ့ လို့ Nilen ဆုတောင်းပေးပါတယ်။ ချစ်တတ်သူတိုင်း ကိုယ်တကယ် ချစ်မြတ်နိုးတဲ့သူတွေနဲ့ ညားနိုင်ကြပါစေ။" ဆိုပြီးပြောထားပါတယ်။

အပြင်မှာမတွေ့နိုင်တော့ပဲ အိမ်မက်ထဲမှာပဲ ဆုံခွင့်ရတဲ့ချစ်သူကို ချစ်တဲ့ စိတ်ကြောင့်ရူးတော့မယ် ဆိုတဲ့ ဝမ်းနည်းကြေကွဲဖွယ် စာသားတွေနဲ့ ချစ်သူ မကွယ်လွန်ခင်က သူမနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ အမှတ်တရ လေးတွေပါရှိတာကြောင့် ကြည့်ရူနားထောင်သူတွေအဖို့ မျက်ရည်ကျလောက်အောင်ပါပဲ။

လောကကြီးကထွက်ခွါသွားတဲ့ ချစ်သူနဲ့ သူမ အကြောင်းပုံဖော်ထားတဲ့ နီလန်း ရဲ့"ရူးတော့မယ်"MV

နီလန်းရဲ့ " ရူးတော့မယ် " သီချင်းMV လေးကို ပရိသတ်တွေကျေနပ်အားရလိမ့်မယ် ထင်ပါတယ်။ပရိသတ်ကြီးကလည်း နီလန်းရဲ့ MV လေးကိုကြိုက်ရင် Share သွားဖို့မမေ့နဲ့နော်။

Moekalay
Source;nilen

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။