လေ့ကျင့်ရေးအစီအစဉ်မှာ ဘာစီလိုနာကစားသမားတွေ အရူးလုပ်တာကိုခံခဲ့ရတဲ့ ဂရစ်ဇ်မန်း

Posted on - Jul 16 []

Gunner Ksr

စာရေးသူ

ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘာစီလိုနာအသင်းကို တရားဝင်အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါပြီ။ အခက်အခဲအမျိုးမျိုးနဲ့ ကြန့်ကြာမှုတွေ ရှိခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့အပြောင်းအရွှေ့ဟာ နောက်ဆုံးမှာတော့ အပြီးသတ်သွားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းမှာ ကျောနံပါတ် (၁၇) ကို ၀တ်ဆင်ကစားသွားမှာလည်း ဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းနဲ့အတူ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့ပြီးပါပြီ။ တကယ်တော့ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကို ချောချောမွေ့မွေ့ရောက်ရှိလာခဲ့တာမဟုတ်ပါဘူး။

အ၀တ်လဲခန်းအတွင်းမှာ ဘာစီလိုနာကစားသမားတွေဟာ ဂရစ်ဇ်မန်းကို အလိုမရှိတဲ့အကြောင်း ပြောဆိုခဲ့ကြတယ်လို့ သတင်းတွေလည်း တိတိကျကျ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဂရစ်ဇ်မန်းနဲ့ ဘာစီလိုနာကစားသမားတွေကြားက ဆက်ဆံရေးကို အားလုံးစိတ်ဝင်စားခဲ့ကြပါတယ်။

ဒါပေမယ့် လေ့ကျင့်ခန်း ပထမဆုံးအစီအစဉ်မှာပဲ ဂရစ်ဇ်မန်းက အဲဒီသံသယတွေအားလုံးကို ချေဖျက်ပြခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကစားသမားတွေနဲ့ တကယ့်ကိုပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ခန်းဆင်းခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာကစားသမားတွေဟာ ဂရစ်ဇ်မန်းရဲ့ပေါင်ကြားထဲကို (၂) ကြိမ်အထိ ထည့်ခဲ့ပြီး အရူုးလုပ်ခဲ့ပါသေးတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာလေ့ကျင့်ရေးအစီအစဉ်မှာတကယ့်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာကစားသမားတွေရဲ့အရူးလုပ်တာကို ခံခဲ့ရတဲ့ ဂရစ်ဇ်မန်း

Ref: All Football

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။