သန်းကြွယ်သူဌေးကြီးတွေနဲ့ လက်ထပ်ခဲ့ကြတဲ့ ထိုင်းသရုပ်ဆောင်မင်းသမီးများ

Posted on - Nov 8 []

Mia Zin

စာရေးသူ

အခုတင်ဆက်ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ သန်းပေါင်းများစွာကြွယ်ဝချမ်းသာတဲ့ လုပ်ငန်းရှင်သူဌေးကြီးတွေနဲ့ လက်ထပ်ခဲ့ကြပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည်ဘ၀တွေကို ပိုင်ဆိုင်ရရှိထားကြတဲ့ ထိုင်းသရုပ်ဆောင်မင်းသမီး (၇) ယောက်ပဲ ဖြစ်ပါတယ်။ သူမတို့တွေက ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Nune Woranuch

မင်းသမီး Nune Woranuch ကတော့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Todd Piti နဲ့ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ Nune Woranuch တင်ဆက်သူအဖြစ်နဲ့ ဆောင်ရွက်ခဲ့တဲ့ အလှမယ်ရွေးချယ်ပွဲကို Todd Piti ရဲ့ ကုမ္ပဏီက စပွန်ဆာပေးတာကနေအစပြုပြီး တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

2. Aimee Morakot

မင်းသမီး Aimee Morakot ကတော့ လုပ်ငန်းရှင်သူဌေးတစ်ယောက်ဖြစ်တဲ့ James Jirayuth နဲ့ ၂၀၁၅ ခုနှစ်မှာလက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ သူတို့ဇနီးမောင်နှံဟာ သားလေးတစ်ယောက်တောင် ပိုင်ဆိုင်ရရှိထားပြီ ဖြစ်ပါတယ်။

3. Ning Panita

သရုပ်ဆောင်မင်းသမီး Ning Panita ကတော့ Jin Jarin နဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ Nong Nirin လို့ခေါ်တဲ့ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ရရှိလို့နေပါပြီ။

4. Noey Chotika

မင်းသမီးချောလေး Noey Chotika ကတော့ သူမရဲ့ ချစ်သူ လုပ်ငန်းရှင်သူဌေး Arm Maneechy နဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့မှာလက်ထပ်ခဲ့ပြီး အခုဆိုရင်တော့ Nong Akin ဆိုတဲ့ ချစ်စရာသားလေးတစ်ယောက်တောင် ရရှိနေပြီဖြစ်ပါတယ်။

5. Chompoo Araya

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Chompoo Araya ကတော့ သူမရဲ့ ချစ်သူ သန်းကြွယ်သူဌေး Nott Vitsarut နဲ့ ၂၀၁၅ ခုနှစ် မေလ ၁၀ ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူမတို့ရဲ့ မင်္ဂလာပွဲဟာ ဘယ်လောက်တောင်များ ခမ်းနားကြီးကျယ်သလဲဆိုရင် တစ်ကမ္ဘာလုံးက မီဒီယာတွေရဲ့ စိတ်ဝင်စားခြင်းကိုတောင် ရရှိခဲ့ပါသေးတယ်။ အခုဆိုရင်တော့ သူမဟာ အမြွှာသားလေး ၂ ယောက်ရဲ့ မိခင်ဖြစ်လို့နေပါပြီ။

6. Tak Bongkod

မင်းသမီး Tak Bongkod ကတော့ သူမထက် အသက် ၁၀ နှစ်ကျော်မျှကြီးတဲ့ လုပ်ငန်းရှင် Chao Sua Boon Chai နဲ့ ၂၀၁၃ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ တရားဝင်လက်ထပ်ခဲ့တာဖြစ်ပါတယ်။

7. Margie Rasri

နာမည်ကြီးထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Margie Rasri ကတော့ သူမရဲ့ ချစ်သူ လုပ်ငန်းရှင် Pok Passakorn နဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ကာ အခုဆိုရင်တော့ အမြွှာလေး ၂ ယောက်ရဲ့မေမေ ဖြစ်လို့နေပြီ ဖြစ်ပါတယ်။

Ref : Thai Update
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။