ပရိသတ်တွေကို အံ့အားသင့်စေမယ့် SM သီချင်း (၇) ပုဒ်ရဲ့ မူရင်းခေါင်းစဉ်များ

Posted on - Sep 26 []

Mia Zin

စာရေးသူ

K-pop လောကရဲ့ အောင်မြင်လူကြိုက်များတဲ့ တချို့သောသီချင်းတွေဟာဆိုရင် စတင်ဖန်တီးရေးစပ်ချိန်၊ အသံသွင်းချိန်တုန်းက သီချင်းခေါင်းစဉ်တစ်မျိုးနဲ့ ဖြစ်ကြပေမယ့်လည်း တရားဝင်မထုတ်လုပ်ခင်အချိန်ကျတော့မှ မူရင်းခေါင်းစဉ်တွေကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ အခုတင်ဆက်ဖော်ပြပေးမယ့် သီချင်းတွေကတော့ SM Entertainment ကနေ ထွက်ရှိထားတဲ့ နာမည်ကြီးသီချင်း (၇) ရဲ့ မူရင်းခေါင်းစဉ်တွေ ဖြစ်ကြပါတယ်။ အောင်မြင်မှုတွေရရှိခဲ့ပြီး သင်တို့လည်း အကြိုက်တွေ့ခဲ့တဲ့ သီချင်းတွေရဲ့ မူရင်းခေါင်းစဉ်တွေက ဘယ်လိုခေါင်းစဉ်မျိုးတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Red Velvet – “Red Flavor”

Red Velvet ရဲ့ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဟစ်သီချင်း “Red Flavor” ရဲ့ မူရင်းခေါင်းစဉ်ကတော့ “Dance With Nobody” ဖြစ်ပါတယ်။

2. EXO – “Call Me Baby”

EXO ရဲ့ နာမည်ကြီးသီချင်းတွေများစွာထဲကမှ ၂၀၁၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Call Me Baby” ရဲ့ မူလခေါင်းစဉ်ကတော့ “Call Me Daddy” ဖြစ်တယ်လို့ သိရပါတယ်။

3. TVXQ! – “Mirotic”

TVXQ ရဲ့ ပေါက်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Mirotic” ကို စတင်ဖန်တီးချိန်တုန်းက သီချင်းခေါင်းစဉ်ကတော့ “Erotic” ဖြစ်တယ်လို့ ဆိုကြပါတယ်။

4. Red Velvet – “Ice Cream Cake”

Red Velvet ရဲ့ ၂၀၁၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Ice Cream Cake” သီချင်းရဲ့ လက်ရှိသီချင်းနာမည်လေးက ချစ်စရာကောင်းပေမယ့်လည်း အရင်တုန်းက ပေးထားတဲ့ခေါင်းစဉ်ကတော့ “Ice Cream Truck” ဖြစ်ပါတယ်တဲ့။

5. Taemin – “Want”

SHINee အဖွဲ့ဝင် Taemin ရဲ့ တစ်ကိုယ်တော်သီချင်းဖြစ်တဲ့ “Want” ရဲ့ မူလသီချင်းခေါင်းစဉ်ကတော့ “Sex Flow” ဖြစ်တယ်လို့ ဆိုကြပါတယ်။

6. EXO – “With You”

EXO ရဲ့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “With You” သီချင်းရဲ့ မူလခေါင်းစဉ်ကတော့ “f**k you” ဖြစ်တယ်လို့ သိရပါတယ်။

7. Red Velvet – “Bad Boy”

Red Velvet ရဲ့ နောက်ထပ်နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Bad Boy” ရဲ့ နဂိုမူလခေါင်းစဉ်ကတော့ “Bad Boy Down” ဖြစ်ပါတယ်တဲ့။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။