အဆိုးရွားဆုံးသော လက်ရေးလက်သားတွေရှိကြတဲ့ K-pop Idol (၄) ယောက်

Posted on - Nov 14 []

Mia Zin

စာရေးသူ

အခုတင်ဆက်ဖော်ပြပေးမယ့် Idol ၄ ယောက်ကတော့ ချောမောကြည့်ကောင်းတဲ့ ရုပ်ရည်တွေကိုပိုင်ဆိုင်ထားကြပြီး အနုပညာအရည်အသွေးတွေနဲ့ ပတ်သတ်လာရင် အောင်မြင်ကြတယ်၊ ထူးချွန်ကြတယ်ဆိုပေမယ့်လည်း စာရေးတဲ့အခါမှာတော့ လက်ရေးလက်သားတွေက အင်မတန်ဆိုးရွားကြတယ်လို့ ကိုရီးယားမီဒီယာတစ်ခုဖြစ်တဲ့ Dispatch က ဆိုထားပါတယ်။ ဒီလိုဆိုရင် သူတို့ ၄ ယောက်က ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Dongwoo (INFINITE)

ဒီလက်ရေးကိုတော့ Dispatch က သေသေချာချာ မဖတ်တတ်ပုံပါပဲ။ "ဒါ ဘာကိုဆိုလိုထားတယ်ဆိုတာကို မင်းတို့ ဖတ်နိုင်လား" လို့တောင် မေးထားတာဖြစ်ပါတယ်။

2. Suzy

ပရိသတ်တွေကတော့ Suzy ရဲ့ လက်ရေးကိုမြင်တွေ့တဲ့အခါမှာ အံ့အားသင့်သွားခဲ့ကြဖူးတယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်တွေ အတော်များများက သူမရဲ့ လက်ရေးကို လှပမယ်လို့ ထင်ခဲ့ကြဖူးလို့ ဖြစ်ပါတယ်။

3. Yugyeom (GOT7)

Yugyeom ရဲ့ လက်ရေးကိုလည်း Dispatch က ဖတ်ရတာခက်တဲ့ လက်ရေးအဖြစ်နဲ့ သတ်မှတ်ထားပါတယ်။

4. Hongbin (VIXX)

တစ်မူထူးတဲ့ လက်ရေးပိုင်ရှင်ဖြစ်တဲ့ Hongbin ရဲ့ လက်ရေးကိုတော့ Dispatch က "ဒါက Hongbin ရဲ့ လက်ရေးမှန်းသိသာတယ်" လို့ ဆိုထားပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။