လူကြီးလေးလို အရမ်းချောတဲ့ သားငယ်လေးရဲ့ပုံတွေကို ထုတ်ပြလိုက်တဲ့ Marian Rivera

Posted on - Jul 29 []

Myint Myat

စာရေးသူ

တစ်ဦးနဲ့တစ်ဦး အရမ်းကိုချစ်ကြတဲ့ စုံတွဲလေးဖြစ်တဲ့ Dingdong Dantes နဲ့ Marian Rivera တို့ဇနီးမောင်နှံနှစ်ဦးကတော့ "Dyesebel" ဆိုတဲ့ဇာတ်ကားလေးထဲမှာ ဖရက်ဒိုနဲ့ ဂျက်ဆီဘယ်ဆိုပြီး မြန်မာပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိခဲ့တာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ သူတို့ ဇနီးမောင်နှံရဲ့ဒုတိယမြောက် ရင်သွေးလေးဖြစ်တဲ့ Ziggy ကို ပိုင်ဆိုင်ထားတဲ့ Marian နဲ့ Dingdong တို့နှစ်ဦးကတော့ လတ်တလောမှာလည်း လူကြီးလေးလို အရမ်းချောတဲ့ သားငယ်လေးရဲ့ချစ်စရာပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလိုက်တာ တွေ့ရပါတယ်။ သားငယ်လေး Ziggy ကတော့ ဒီအရွယ်လေးနဲ့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ ကလေးတစ်ဦးဆိုရင်လည်း မမှားပါဘူးနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဖေဖေ၊ မေမေတွေ အချစ်ပိုရတဲ့ သားသားလေး Ziggy ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Marian Rivera ကတော့ သားငယ်လေးရဲ့ပုံရိပ်တွေနဲ့အတူ "Welcome to the Christian World mahal ko. Te quiero mucho Mi Hijo! ❤️ " ဆိုပြီး သားလေးကို သူမတို့ ဘာသာထဲကနေ ကြိုဆိုတဲ့အကြောင်းနဲ့ အရမ်းချစ်တဲ့အကြောင်း ရေးသားထားပါသေးတယ်။

Marian Rivera ကတော့ အခုဆိုရင် သမီးကြီး Zia နဲ့ သားငယ်လေး Ziggy တို့ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ Marian Rivera ရဲ့သားငယ်လေး Ziggy ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က မွေးဖွားသန့်စင်ခဲ့တာပါ။

အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ မိသားစုလေး...။

ဖိလစ်ပိုင်​​မင်းသမီး​ချော​လေး Marian Rivera က​တော့ ရုပ်​ရှင်​ရိုက်​ရင်း မင်းသား​ချော Ding Dong နဲ့ ဖူးစာဆုံခဲ့ပြီး​နောက်​ ပြီးခဲ့တဲ့ 2014ခုနှစ်​က လက်​ထပ်​မင်္ဂလာပွဲ ဆင်​နွှဲခဲ့ကြတာပဲ ဖြစ်ပါတယ်​။ သူတို့ဇနီး​မောင်​နှံက​တော့ ဇာတ်ကားတော်တော်များများမှာ အတူသရုပ်ဆောင်ထားပြီး၊ တစ်ယောက်စီလည်း အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း အရမ်းကို နွေးထွေးတဲ့ Marian တို့ မိသားစုလေးကိုချစ်​ရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Photo;Marianrivea's Instagram

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။