နှစ်ခါပြန် ငေးမောကြည့်ရလောက်အောင်ကို လှနေတဲ့ ညီညီမောင်

Posted on - Aug 4 []

Q Kyue Ko

စာရေးသူ

မြန်မာနိုင်ငံရဲ့ မိတ်ကပ်ပညာရှင်တွေကြားမှာ အများနဲ့မတူအောင် တစ်ရှိန်ထိုးအောင်မြင်လာခဲ့တဲ့ မိတ်ကပ်ညီညီမောင် ဟာ ယခုနောက်ပိုင်းမှာတော့ ဟာသဗီဒီယိုလေးတွေရိုက်ကူးလာပြီး ပရိသတ်တွေကို ရယ်မောစေချင်တဲ့ ဆန္ဒလေးနဲ့ သူ့သူငယ်ချင်းတွေနဲ့အတူ ရိုက်ကူးထားကြတာဘဲဖြစ်ပါတယ်။ သုသုက မိတ်ကပ်ပညာမှာလဲ ကျွမ်းကျင်သလို ဟာသတွေသရုပ်ဆောင်တဲ့နေရာမှာလဲ တကယ့်ကိုပါရမီ ပါလွန်းတဲ့သူပါ။

မကြာသေးခင်ကမှလဲ ခရီးသွားရင်းအမှတ်တမဲ့ရိုက်ကူးလိုက်တဲ့ ဟာသဗီဒီယိုလေးဟာဆိုရင် ထင်မှတ်မထားရလောက်အောင် ကြည့်ရှု့သူများပြားခဲ့တာဘဲ ဖြစ်ပါတယ်။ ညီညီမောင်က သရုပ်ဆောင်အလုပ်ကို အသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ဆောင်မှာမဟုတ်ပေမယ့် မထက်၊ခင်စန်းဝင်း ၊ လင်းလင်းတို့ နဲ့အတူ ကျားကျားကြိုက်ကြိုက် ဆိုတဲ့ရုပ်ရှင်ဇာတ်ကာကြီးကို ရိုက်ကူးထားပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားကြီးဟာ သြဂုတ်လအတွင်းမှာ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီကားထဲမှာလဲ သူအရမ်းလှတဲ့ ဖက်ရှင်တွေနဲ့ ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။ ယခုအခါမှာလဲ အရမ်းလှတဲ့ ဂါဝန်လေးနဲ့ သုသုတစ်ယောက် အရမ်းကိုလှနေပါတယ်။

သုသုကိုချစ်တဲ့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်တာဖြစ်လို့ မျှဝေသွားဖို့မမေ့ပါနဲ့ ။ ဖတ်ရှု့ပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source - Nyinyimaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။