အစ္စဏီကို တရားစွဲဆိုထားတဲ့အမှု ကို ရုတ်သိမ်းပေးလိုက်တဲ့ စူးရှထက်

Posted on - Aug 5 []

Q Kyue Ko

စာရေးသူ

အဆိုတော် အစ္စဏီကို မော်ဒယ်စူးရှထက်က ၂၀၁၈ခုနှစ် ဧပြီလအတွင်းက ပုဒ်မ ၃ခုနဲ့ တရားစွဲဆိုခဲ့ပြီး နောက် အစ္စဏီဟာ တစ်နှစ်နဲ့ လေးလခန့် အချုပ်ကြနေခဲ့ပါတယ်။ သူ့ရဲ့ အမှုဟာ အဆိုပါကြာမြင့်ချိန်အထိ စစ်ဆေးမှုလဲမပြီးသေးသလို ပြစ်ဒဏ်လဲ မချမှတ်နိုင်ခဲ့သေးပါဘူး။ ဒါကို မော်ဒယ် စူးရှထက်က ယနေ့ သြဂုတ်လ ၅ရက်နေ့ ရုံးချိန်မှာ တရားစွဲဆိုထားတဲ့ အမှုအားလုံးကို ရုတ်သိမ်းပေးခဲ့ပါတယ် ။ ဒီလိုရုတ်သိမ်းခဲ့ရခြင်း အကြောင်းအရင်းမှာလဲ မီဒီယာတွေရှေ့မှာ အဆို တော်အစ္စဏီက တောင်းပန်ခဲ့တဲ့ အတွက် ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ၂၃း၀၀ အချိန် မော်ဒယ် စူးရှထက်(ခေါ်)မဇာခြည်ဌေး (၂၇)နှစ်သည် သူငယ်ချင်းများနှင့်အတူ ဆယ်လီအရက်ဘားသို့ရောက်ရှိနေစဉ် ဧပြီလ ၁၂ ရက်နေ့ ၀၂း၄၅ အချိန်၌ ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ) အစ္စဏီ(၃၂)နှစ်မှ ဘားအတွင်းဝင်ရောက် ပြဿနာ ရှာနေသဖြင့် မော်ဒယ် စူးရှထက်(ခေါ်)မဇာခြည်ဌေးမှ ၎င်းငှားရမ်းနေထိုင်သည့်တိုက်ခန်းသို့ ကားငှား၍ ပြန်လာခဲ့ရာ ဟန်ထွန်းဇော်(ခ)အစ္စဏီမှလည်း ၎င်းယာဉ်ဖြင့် အတူလိုက်ပါလာခဲ့ကြောင်း၊ နေအိမ်သို့အရောက်တွင် ဟန်ထွန်းဇော်(ခ) အစ္စဏီမှ မော်ဒယ် စူးရှထက်(ခေါ်)မဇာခြည်ဌေး၏အင်္ကျီအား အတင်းဆွဲချွတ်သဖြင့် ရုန်းကန်စဉ် ဦးခေါင်းဖြင့် မှန်ဗီဒိုအားတိုက်မိခဲ့ကာ ဦးခေါင်း နာကျင်ခဲ့တဲ့အပြင် တကိုယ်လုံးအား ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့မှ လက်သည်းခွံများကို လှန်ချိုးသဖြင့် နာကျင်ကာ သတိမေ့နေစဉ် သားမယား ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းများမှာ ရေးသားထားတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဟန်ထွန်းဇော်(ခ)အစ္စဏီ ကို မော်ဒယ်စူးရှထက်က ပုဒ်မ ၃၇၆၊ ၃၂၄၊၃၂၃ တို့ဖြင့် တရားစွဲဆိုထားခဲ့ပြီး လက်ရှိမှာတော့ အမှုတွေအားလုံးကို ရုတ်သိမ်းပြီး ကျေအေးပေးလိုက်ပြီလို့ သိရပါတယ်။ ကျေအေးလွှာမှာ နောက်နောင် မော်ဒယ် စူးရှထက်ကို အစ္စဏီဘက် မှ မည်သည့်နှောက်ယှက်မှုမျိုးမှ မပြုလုပ်ပါဘူးဆိုတဲ့ အချက်တွေနဲ့ အမှုပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ယူတို့ချစ်တဲ့ အစ္စဏီရဲ့ သီချင်းသီဆိုပုံတွေကိုပြန်တွေ့မြင်ရတော့မှာဖြစ်လို့ ၀မ်းသာနေကြမယ်လို့ ထင်မိပါတယ်။ ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source – 7 days

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။