ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ “ အထက်တန်းစား” ဇာတ်လမ်းအကျဉ်း ထွက်ပေါ်

Posted on - Aug 5 []

Q Kyue Ko

စာရေးသူ

အကယ်ဒမီ သရုပ်ဆောင် နေတိုးရဲ့ ပထမဆုံးသော ကာရိုက်တာအဖြစ် ရိုက်ကူး မယ့် ကန္နားစီး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး နမူနာ ဗီဒီယို နဲ့ ပိုစတာတွေ ထွက်ရှိလာတည်းက စိတ်ဝင်စားနေခဲ့ကြတာဘဲ ဖြစ်ပါတယ် ဒီဇာတ်ကားကြီးမှာ လျှို့ဝှက်ဆန်းကျယ်မှုတွေ ရှိနေပြီး ပရိသတ်တွေအနေနဲ့ အရမ်းစိတ်ဝင်စား နေခဲ့ကြတာဘဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ယနေ့မှာ ထွက်ပေးခဲ့ပါပြီ။ ဇာတ်လမ်းကျဉ်းဖတ်ပြီးရင်တော့ ပိုပြီး စိတ်ဝင်စားနေကြမယ်လို့ ယုံကြည်မိပါတယ်။

အထက်တန်းစား ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်လမ်းအကျဥ်းကတော့ “ တစ်နေ့ ရွာသူရွာသားတွေက စုန်းမကြီးဆိုပြီး ရွာပြင်ထုတ်ထားတဲ့ အမေလှရဲ့ တဲစုတ်လေးရှေ့မှာ မွေးကင်းစကလေး တစ်ယောက်ကိုမြင်တော့ အမေလှကသနားပြီး ကောက်ယူမွေးစားခဲ့တယ်။ ဒါကို ရွာသူရွာသားတွေက အမေလှမွေးထားတဲ့ကလေး စုန်းကဝေ ပညာတွေနဲ့ မွေးထားတဲ့ကလေးဆိုပြီး ပစ်ပယ်ကြပြန်တယ်”

“ဒါပေမယ့် အမေလှက ဘယ်သူတွေဘယ်လိုပြောပြော ဒီကလေးကို ပြုစုပျိုးထောင်ပေးခဲ့တယ်။ ဒီကလေး သိတတ်စအရွယ်ရောက်တော့ တစ်ရွာလုံးရဲ့ သံသယတွေ ပိုမိုကြီးထွားလာခဲ့တယ်။ ကလေးမှာ ထူးခြားတဲ့ပါရမီတွေ ပါလာခဲ့တယ်။ ရွာထဲက သရဲပူးကပ်ခံနေရတဲ့ လူတွေ ပယောဂစွဲကပ်နေတဲ့လူတွေကို ကလေးရဲ့ မွေးရာပါ ပညာပါရမီနဲ့ ကုသပျောက်ကင်းစေခဲ့တယ်။ နတ်ကန္နားပွဲတွေ ရောက်တဲ့အခါမှာလဲ ဝင်ပူးနေတဲ့နတ်တွေရဲ့ အထူးချစ်ခင်နှစ်သက်ခြင်းကိုလည်းခံရပြီး နတ်တွေရဲ့ကူညီစောင့်ရှောက်မူကိုလည်း ခံရပြန်တယ်"

ဒီကလေးက တခြားသူမဟုတ် တစ်ချိန်မှာ ကန္နားစီး တစ်ယောက်ဖြစ်လာမယ့် ဖေကြီးအောင်စည်ဆိုတာပါပဲ။ ကန္နားစီးဖေကြီးဦးအောင်စည် လူလားမြောက်လို့ အရွယ်ရောက်လာတဲ့ အခါမှာတော့........ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို ပရိသတ်ကြီးက သြဂုတ်လ ၂၂ ရက်နေ့မှာ ကြည့်ရှု့ရတော့မှာဖြစ်ပါတယ်။

နေတိုးအဓိက ပါဝင်ရိုက်ကူးထားတဲ့ အထက်တန်းစား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ၊ ညီထွဋ်ခေါင်၊ သူရိယ၊ ကောင်းဆက်ထူး၊ ဝေယံကျော်၊ မြတ်ကေသီအောင်၊ စိုးမိုးကြည်၊ ပိုးအိအိခန့်နှင့် အနုပညာရှင် များစွာ ပါဝင်ရိုက်ကူးထားကြတာလဲ ဖြစ်ပါတယ်။

May Phyo(MML)
Source - အထက်တန်းစား ရုပ်ရှင်ဇာတ်ကားကြီး

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။