ပိုက်ဆံမယူဘဲ ကျေအေးပေးလို့ စူးရှထက်ကို ကျေးဇူးတင်တယ် ဆိုတဲ့ ယုန်လေး

Posted on - Aug 5 []

Q Kyue Ko

စာရေးသူ

ပရိသတ်တွေကြားမှာ ဟေးလေးတစ်ကျော်ကျော် ဖြစ်ခဲ့တဲ့ အစ္စဏီ နဲ့ စူးရှထက်တို့ရဲ့ အမှုဟာ ယနေ့ သြဂုတ်လ (၅)ရက်နေ့မှာတော့ အဆုံးသတ်ခဲ့ပါပြီ ။ စူးရှထက်က သူမစွဲချက်တင်ခဲ့တဲ့ အမှု၃ခုလုံးကို ပိတ်ပေးကာ ကျေအေျးပးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ယုန်လေးကလဲ သူအနေနဲ့ ဝမ်းသာပီတိဖြစ်ရပါကြောင်း ပြောကြားခဲ့ပါတယ်။

ယုန်လေးက '' အားလုံးမင်္ဂလာပါ နောက်အပတ်သောကြာနေ့ ဆို ဝမ်းသာစရာပါ ။ အဲ့နေ့မှာ အစ္စဏီ အပြင်လွတ်လာတော့မှာဖြစ်ပါတယ်။ ကျေအေးပေးတဲ့ ညီမလေးစူးရှထက်ကိုလဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့လဲ နားလည်မှုလွဲပြီး ကတောက်ကစ ဖြစ်ဖူးပါတယ် ။ အဲ့အချိန်ထဲက ကျွန်တော် တို့တွေ အစ္စဏီ အပြင်ထွက်လာဖို့ ပိုက်ဆံ နဲ့ ဖြေရှင်းဖို့လုပ်ခဲပပေမယ့် သူက ပိုက်ဆံကြောင့်မဟုတ်ဘူးလို့ ပြောခဲ့ပါတယ် ''

'' သူပိုက်ဆံကြောင့်မဟုတ်ဘူးဆိုတာကို အခုအချိန်အကြာကြီးမှာသက်သေပြသွားပါတယ်။ ပိုက်ဆံငွေကြေးဘယ်လိုပေးရမလဲဆိုတာကို သူကလတစ်ကျပ်မှလက်မခံဘဲနဲ့ ဒီတိုင်းကျေအေးစာ လက်မှတ်ထိုးပေးသွားပါတယ်။ အဲ့ဒီအတွက်လဲ ညီမလေးစူးရှထက်ကိုကျေးဇူးတင်ပါတယ် ''

'' ဝင်ကူညီတာအခက်မသင့်ရင် ဟိုတိုင်ဒီတိုင်ခံရနိုင်သလို အခုအချိန်ကာလလေးတစ်ခုမှာ အဆင်ပြေသွားတဲ့ အတွက်လဲ ကျွန်တော်အရမ်းပီတိဖြစ်ပါတယ်။ အစ္စဏီလဲ အရမ်းကို လိမ္မာနေတဲ့ လူတစ်ယောက်ဖြစ်နေပါပြီ။ သူထွက်လာရင်လဲ ပရိသတ်တွေက ပြန်လည်အားပေကြပါအုံး '' လို့ ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာ ဗီဒီယိုလေးနဲ့ တစ်ဆင့်ပြောပြသွားခဲ့ပါတယ်။

အစ္စဏီရဲ့ ပရိသတ်ကြီးအတွက် ဒါဟာ သတင်းကောင်းပါ။ တစ်နှစ်နဲ့ လေးလနီးပါးထောင်ထမင်းထောင်ဟင်းစားပြီး အချုပ်ကြနေတဲ့ အစ္စဏီ့ဟာ လာမယ့်သောကြာနေ့မှာတော့ မိသားစုတွေရဲ့ ရင်ခွင်ထဲကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်လို့ တကယ့်ကို ပျော်ရွှင်ကြည်နူးစရာကောင်းလှပါတယ်။

ကျေးဇူးတင်စကားပြောခဲ့တဲ့ယုန်ေ

အစ္စဏီ ပရိသတ်ကြီးလဲ ဒီသတင်းလေးမျှဝေပေးသွားကြပါအုံး ။ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source - yone lay

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။