ကိုရီးယားမှာ ကျောင်းသွားတက်တော့မှာဖြစ်တဲ့ Angelina Jolieရဲ့သားလေး

Posted on - Aug 6 []

Shoonie JiJi

စာရေးသူ

နာမည်ကြီးဟောလီဝုတ်မင်းသမီးကြီးဖြစ်တဲ့ Jolieရဲ့ သာအကြီးဆုံးလေး Maddox Jolie-Pitt ဟာဆိုရင် ကိုရီးယားမှာတက္ကသိုလ်ကျောင်းသွားတက်တော့မှာပဲ ဖြစ်ပါတယ်။ Maddoxက Jolieရဲ့ပထမဆုံးမွေးစားသားဖြစ်ပြီး ကန်ဘောဒီးယားလူမျိုးဖြစ်ပါတယ်။ အခုဆိုရင်တော့ အသက်၁၈နှစ်တောင်ရှိသွားပါပြီ။ Maddox ဟာ မိဘတွေရဲ့ခြေရာအတိုင်း သရုပ်ဆောင်ထုတ်လုပ်သူလည်းဖြစ်ပါတယ်။

ပညာရေးကိုဦးစားပေးတဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံးကျောင်းတစ်ကျောင်းဖြစ်တဲ့ Yonsei တက္ကသိုလ်ကျောင်းမှာ ဇီဝဓာတုမေဂျာကိုပညာကို သွားရောက်သင်ကြားတော့မှာဖြစ်ပါတယ်။ အခြားတက္ကသိုလ်တွေဆီကလည်း ၀င်ခွင့်ရခဲ့ပေမဲ့ Yonsei တက္ကသိုလ်ကျောင်းကိုပဲရွေးချယ်ခဲ့တာပါ။ Maddox ဟာကိုရီးယားဘာသာစကားနဲ့ ကိုရီးယားယဉ်ကျေးမူတို့ကိုစိတ်ဝင်စားသူဖြစ်လို့ ကိုရီးယားစာကိုလည်းလေ့လာခဲ့ပြီး သင်ခန်းစာများကိုလည်းအကြိမ်ကြိမ်လေ့ကျင့်ပြင်ဆင်ခဲ့ပါတယ်တဲ့။ ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလမှာ Jolie နဲ့ Maddox ဟာ Yonsei တက္ကသိုလ်လေ့လာရေးခရီးကိုလည်း အတူတူသွားရောက်ခဲ့ပါတယ်။အဲ့အချိန်တုန်းကတော့ တက္ကသိုလ်ဝင်ခွင့်မရခဲ့ဘူးလို့သိရပါတယ်။

Maddox ဟာ ဒီလသြဂုတ်လမှာစပြီး တက္ကသိုလ်ကျာင်းတက်တော့မှာပဲဖြစ်ပါတယ်။ Jolie က သားဖြစ်သူMaddox ကျောင်းတက်ပြင်ဆင်ဖို့အတွက် ကိုရီးယားကိုသွားရောက်ကူညီပေးမယ်လို့သိရပါတယ်။ Jolie ကတော့ သားဖြစ်သူအတွက်ဂုဏ်ယူပြီး လွမ်းနေရတော့မယ်နော်။ Maddox ဟာလည်း ကိုရီးယားမှာ တက္ကသိုလ်ကျောင်းသားကြီးအနေနဲ့အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။ မိဘအရင်းသဖွယ်ချစ်ပေးပြီး သားသမီးလုပ်ချင်တာကိုအားပေးထောက်ပံပေးတဲ့ မိဘမျိုးကိုပိုင်ဆိုင်ထားရတာ တကယ်ကိုကံကောင်းလှပါတယ်နော်။

Winkie (Momolay)
Ref:soompi

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။